News

POST TAGGED AS

ပဲခူးတိုင်း

မီးပွိုင့်​ဆောက်ရန် မြေတူးစဉ် ကျည်ဆန် ၁၅၀ တွေ့
တောင်​ငူ၊ ဧပြီ ၎

ပဲခူးတိုင်း​ ပဲခူးမြို့နယ်​ ​ဆေးရုံအဝင်​လမ်းအနီး ရန်​ကုန်​-မန္တ​လေး လမ်း​ဟောင်းပေါ်ရှိ လမ်းဆုံ၌ ဧပြီလ ၃ ရက်​​နေ့ညနေပိုင်းက မီးပွိုင့်တပ်​ဆင်​ရန်​ ​မြေတူး​ဖော်​ရာမှ ၉ မမ ကျည်​ဆန် ၁၅၀ ကို တွေ့ရှိကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရသည်။

ယခုနှစ် သင်္ကြန်​ပွဲ​တော်​ကာလ မတိုင်​မီ ပဲခူးမြို့​ဆေးရုံဝင်​​ပေါက်​ လမ်းသုံးခွ ဆုံရာ​နေရာ ​တောင်​ငူလမ်းပေါ်၌ (ရန်​ကုန်​-မန္တ​လေး လမ်း​ဟောင်း) မီးပွိုင့်တပ်​ဆင်​ရန်​ ဧပြီလမှစတင်​ပြီး လုပ်​ငန်းများ​ဆောင်​ရွက်​​နေစဉ်​ ဧပြီလ ၃ ရက်​​နေ့ ည​နေပိုင်းက ဘက်​ဟိုးဖြင့် မြေတူးဖော်ရာမှ ကျည်ဆန်များကို တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“တူး​ဖော်​တွေ့ရှိတဲ့ ကျည်​ဆန်​​တွေကို နယ်​​မြေခံတပ်​ရင်းက လက်​မခံလို့စခန်းမှာ ခဲယမ်းမီး​ကျောက်​မှတ်​ပုံတင်​အမှတ်​နဲ့ သိမ်းထားတယ်​။ ကျည်​​တွေက​ဆွေးမြည့်​နေပါပြီ”ဟု ပဲခူးမြို့မရဲစခန်းမှ ရဲအရာရှိတစ်​ဦးက ပြောကြားသည်​။

အဆိုပါ ကျည်​ဆန်​များကို နယ်​​မြေခံတပ်​ရင်းတစ်​ခုမှ တာဝန်​ရှိသူများနှင့် အုပ်ချုပ်​​ရေးအဖွဲ့ဝင်​များ လာ​ရောက်​စစ်​​ဆေးခဲ့ပြီး​နောက်​ ရဲတပ်​ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US