News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူး၌ ရည်းစားနှစ်ဦးထံမှ ပိုက်ဆံလုမရသဖြင့် ဓားဖြင့်ထိုးရာမှ အမျိုးသားသေဆုံး
တောင်​ငူ၊ မတ်​ ၂၆

ပဲခူးတိုင်း​ ပဲခူးမြို့နယ်​ ဗိုလ်​ကုန်းအမှတ်​ ၁၈ ရပ်​ကွက်​ မဟာစည်​ဘုန်းကြီး​ကျောင်းနှင့် အ​သောက​ကျောင်းလမ်းကြားတွင်​ မတ်​လ ၂၅ ရက်​​နေ့ ညပိုင်းက သမီးရည်းစားနှစ်ဦး ဆိုင်ကယ်ရပ်၍ စကားပြောနေစဉ် အမျိုးသားနှစ်ဦးက ပိုက်ဆံလာရောက်လုယက်ရာမှ မရသဖြင့် အမျိုးသားကို ဓားဖြင့်ထိုးသတ်ပြီး ထွက်ပြေးသွားကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

စည်သူလွင် (ခ) အလတ်ကောင် (၂၀ နှစ်​) နှင့် အောင်​ဆန်းထွန်း (ခ) ဒန်​နူးတို့တွင် အောင်ဆန်းထွန်းက ရည်းစားနှစ်ဦးကို သွားရောက်စကားပြောဆိုရာမှ စကားများခဲ့သည်ကို စည်သူလွင်က အရိုးအသွား ၉ လက်မရှိသည့် ဓားမြှောင်ဖြင့် ဝဲဘက်​ရင်​အုံကိုထိုးသတ်ကာ ထွက်ပြေးခဲ့ပြီးနောက် အခင်းဖြစ်ပြီး ငါးနာရီခန့်အကြာတွင် ကမာနတ်ရွာသွား ကားလမ်းဘေးတွင်​ သက်သေခံပစ္စည်းနှင့်တကွ ထိုးသတ်သူကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါမြို့ရဲစခန်းထံမှ သိရသည်။

“အတွဲဆီကို ပိုက်​ဆံ​တွေ ဘာ​တွေလုဖို့သွားတယ်​၊ ဘာပါလဲ​မေးတယ်​၊ မပါ​ဘူးဆို​တော့ ထိုးကြိတ်​တယ်​၊ ရည်းစားကောင်လေးက ပြန်​ထိုး​တော့ ဓားနဲ့ထိုးပြေးတယ်​၊ ဆေးရုံပို့တဲ့အချိန် သေသွားတယ်”ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လတ်တလော ထွက်ပြေး လွတ်မြောက်နေသူ ​အောင်​ဆန်းထွန်း (ခ) ဒန်​နူးကို ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်နေပြီး အဆိုပါလူသတ်​မှုဖြစ်​စဉ်​နှင့် ပတ်​သက်​ပြီး ပဲခူးမြို့မရဲစခန်းက (ပ)၂၈၂/၂၀၁၈ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်​ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US