News

POST TAGGED AS

ပဲခူးတိုင်း

ပေါက်ခေါင်းရှိ ကျေးရွာ ၃၀ ကျော် သောက်သုံးရေရှားပါး


ပြည်၊ မတ် ၁၉

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၃၆ ရွာတွင် ဖေဖော်ဝါရီလကုန်မှ စတင်ကာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရကြောင်း ပေါက်ခေါင်းဆုံရိပ်ရေလှူအဖွဲ့ထံမှ သိရသည်။

အဝီစိရေတွင်းများ တူးဖော်ရခက်ခဲခြင်း၊ ရေငန်သာထွက်ရှိခြင်း၊ နွေရာသီအစမှ စတင်ကာ မြေအောက်ရေမလိုက်တော့၍ အဝီစိတွင်းများ ရေမထွက်တော့ခြင်း စသည်တို့ကြောင့် ကျေးရွာများတွင် ရေရှားပါးပြတ်လပ်မှု နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ရွာတွေက ပေါက်ခေါင်းမြို့ကနေ သွားရတာဝေးတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ ကားတွေသွားမရဘူး။ တစ်ရက်ကိုနှစ်ခေါက်လောက်ပဲ ရေလှူကားတွေသွားနိုင်တယ်”ဟု ယင်းရေအလှူအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

နှစ်စဉ်နီးပါး အဆိုပါသောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေရခြင်းဖြစ်ပြီး တချို့ကျေးရွာများမှာ ကားလမ်းမပေါက်၍ ရေပြတ်လပ်သည်ကိုပင် သိရှိရခြင်းမရှိသည့်အတွက် ကူညီရန်ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဒီဘက်တွေက ပေနှစ်ရာလောက်တူးမှ ရေထွက်တာရှိတယ်။ တစ်နှစ် နှစ်နှစ်လောက်နေရင် ရေကခန်းပြီးတော့ ရေမထွက်တော့ဘူး။ နောက်ထွက်တယ်။ ရေငန်ပဲဖြစ်နေလို့ သုံးမရ သောက်မရတာတွေ ကြုံတွေ့နေရတယ်” ဟု ပေါက်ခေါင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ပေါက်ခေါင်းမြို့ ကျေးရွာ ၃၆ ရွာ၊ အိမ်ခြေ ၃၂၃၀ ခန့် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ သောက်သုံးရေရှားပါးပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ပေါက်ခေါင်းမြို့ ပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US