News

POST TAGGED AS

ပဲခူးတိုင်း

နောက်အိမ်ထောင်ပြုသူဇနီးကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်
တောင်ငူ၊ မတ် ၎

ပဲခူးတိုင်း တောင်ငူမြို့နယ် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျနေစဉ် နောက်အိမ်ထောင်ပြုထားသည့် ဇနီးကို တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း ညောင်ခြေထောက် နယ်မြေရဲစခန်းထံမှ သိရသည်။

“အမျိုးသမီးကိုတော့ ဖမ်းဆီးစစ်ဆေးနေပါပြီ။ သူနဲ့အတူ ပေါင်းသင်းနေထိုင်တဲ့ အမျိုးသားကိုလည်း နောက်ပိုင်းမှာ မယားခိုးမှုနဲ့ အမှုဖွင့်လှစ်ဖို့ရှိပါတယ်”ဟု အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အမှတ် ၃ ရပ်ကွက်နေ အသက် (၄၆ နှစ်) အရွယ် အမျိုးသားသည် လွန်ခဲ့သည့် ၈ နှစ်ခန့်က တစ်ရပ်ကွက်တည်းနေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးနှင့် အိမ်ထောင်ကျကာ သမီးတစ်ဦး ထွန်းကားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဩဂုတ်လက တပ်ပြေးမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရ၍ တောင်ငူထောင်တွင် အကျဉ်းကျခံခဲ့ရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာချိန် ဇနီးက အုတ်တွင်းမြို့နယ် အုတ်ဖိုကျေးရွာနေ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျကာ ကိုယ်ဝန်သုံးလခန့် ရှိနေသည်ကို သိရှိခဲ့သဖြင့် မတ်လ ၃ ရက်နေ့က တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ညောင်ခြေထောက်နယ်မြေ ရဲစခန်းထံမှ သိရသည်။

နောက်အိမ်ထောင်ပြုသူ အမျိုးသမီးကို ညောင်ခြေထောက်နယ်မြေ ရဲစခန်းက တစ်လင်တစ်မယားစနစ် ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း ယင်းစခန်းထံမှသိရသည်။

R-15



FOLLOW US