News

POST TAGGED AS

ပဲခူးတိုင်း

ပန်းတောင်း၌ ရဟန်း၊ သာမ​ဏေ တစ်​​ထောင်​​ကျော်​ သာသနာ့​ဘောင်​ဝင်


ပြည်​၊ မတ်​ ၃

ပဲခူးတိုင်းအ​နောက်​ပိုင်း ​ပြည်​ခရိုင်၊ ပန်း​တောင်းမြို့နယ်​ ​ရှေးဟောင်းသမိုင်းဝင်​​ ရွှေဘုံသာမုနိ​စေတီ​တော်​မြတ်ကြီးတွင်​ ထီးတော်တင်​လှူပွဲနှင့်အတူ ရဟန်းသာမ​ဏေ သီလရှင်​အပါးတစ်​​ထောင်​​ကျော်​ကို သာသနာ့ဘောင်​သို့ သွတ်​သွင်းခြင်း မင်္ဂလာပြုလုပ်​ခဲ့​ကြောင်း ​ရွှေဘုံသာမုနိ​စေတီ​တော်​ ​ဂေါပက ဦးတင်​လှိုင်​က ​ပြောကြားသည်​။

မြို့နယ်​အတွင်းရှိ ​ကျေးရွာများမှ ရှင်​ပြုသင်္ကန်းမစည်းနိုင်​သည့် ​ငွေ​ကြေးအခက်​အခဲ၊ အချိန်​အခက်​အခဲရှိ​နေသူများကို ယခုကဲ့သို့ သာသနာ့ဘောင်​သို့ သွတ်​သွင်း​ပေးခြင်းဖြစ်​​ကြောင်း ၎င်းက ပြောဆိုသည်။

“ထီးတော်​ကလည်းကြာပြီဆိုတော့ ​ဟောင်းနွမ်းပျက်​စီးနေလို့ ထီး​တော်​အသစ်​ ပြန်​တင်​တာပါ။ အစိုးရအဖွဲ့နဲ့ ​ဇေကမ္ဘာ​ဒေါက်တာခင်​​ရွှေတို့ ​ထောက်​ပံ့လှူဒါန်းမှုနဲ့ လုပ်​တာပါ”ဟု ဦးတင်​လှိုင်​က ​ရှင်းပြသည်။

“ရဟန်း၊ သာမ​ဏေ၊ သီလရှင်​ ၁၁၁၁ ပါးသာ သတ်​မှတ်​ထား​သော်​လည်း သာသနာ့ဘောင် သွတ်သွင်းသည့်အခါတွင်​ သတ်​မှတ်​အပါး​ရေထက်​​ ကျော်​လွန်​​ကြောင်း” ၎င်းက ဆက်​လက်ပြောကြားသည်​။

“ကျွန်​​တော်​တို့တစ်​ရွာလုံးနီးပါး ပါတယ်​။ ရွာကလည်း ချင်းရွာ​လေ၊ ရှင်လည်း မပြုနိုင်​ဘူး၊ သားသမီး​တွေကို သာသနာ့​ဘောင်​ မသွတ်​သွင်းနိုင်​​သေးဘူး။ အခုလို သာသနာ့​ဘောင်​သွတ်​သွင်းနိုင်​​တော့ ဝမ်းသာတယ်​။ သီးနှံစိုက်​ခင်း​တွေက ရာသီဥတု​ကြောင့် မ​အောင်​မြင်​ဘူး။ ​ဈေးကွက်​ကလည်းမ​ကောင်း​တော့ သားသမီး​တွေကို မလုပ်​​ပေးနိုင်​ဘူး”ဟု တည်​ပင်​​ကျေးရွာမှ ဦးတင်ဝင်းလှိုင်​က ​ပြောဆိုသည်​။

“အဆိုပါသာသနာ့​ဘောင်​သွတ်​သွင်းရာတွင်​ ဒုလ္လဘရဟန်း ၃၄ ပါး၊ ရှင်​သာမဏေ ၉၅၈ ပါးနှင့် သီလရှင်​ ၁၉၈ ပါးကို သာသနာ့​ဘောင်​သို့ သွတ်​သွင်းနိုင်ခဲ့ပြီး အဆိုပါပွဲသို့ ပြည်​​ထောင်​စုသာသနာ​ရေးဝန်​ကြီးနှင့် ပဲခူးတိုင်းဝန်ကြီးချုပ်​တို့ တက်​​ရောက်​ခဲ့သည်။

M-06



FOLLOW US