News

POST TAGGED AS

ပဲခူးတိုင်း

မူးပြီးရန်ရှာနေသူက တားသူကို ဓားဖြင့်ထိုးသတ်
တောင်ငူ၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ကျုံပါ (က) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းတွင် ဆူပူရန်ရှာနေသူက တားမြစ်သူအမျိုးသားကို ဓားမြှောင်ဖြင့်ထိုးသဖြင့် အထိုးခံရသူ သေဆုံးခဲ့ကြောင်း ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

ရန်ရှာသူ ခွန်ရန်နောင်စိုးသည် အရက်သောက်စားပြီး ၎င်း၏ နေအိမ်ခေါင်းရင်းခြံသို့ သွားရောက်ကာ ဆူပူအော်ဟစ်နေသည့်အတွက် အပြင်မှပြန်လာသည့် နေအိမ်ပိုင်ရှင်၏ မောင်က တားမြစ်ရာမှ စကားများရန်ဖြစ်ခဲ့ပြီး ခွန်ရန်နောင်စိုးက ယာဘက်ရင်အုံကို အရိုးအသွား ၈ လက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ဆူပူရန်ရှာပြီး ဓားဖြင့်ထိုးသူ ခွန်ရန်နောင်စိုး (၃၉ နှစ်) ကို ဇရပ်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးထားကြောင်း ယင်းစခန်းထံမှ သိရသည်။

R-15



FOLLOW US