News

POST TAGGED AS

ပဲခူးတိုင်း

ပဲခူးတိုင်း ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ရပ်ဆိုင်းမှု လွှတ်တော်နှင့် တိုင်းအစိုးရ သဘောထားကွဲလွဲ
တောင်ငူ၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ပေးအပ်မှုဖြင့် ဖွဲ့စည်းပေးခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ (BRCCA) ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်၌ ဆန္ဒမဲပေး အဆုံးအဖြတ်ခံယူ၍ ရပ်ဆိုင်းလိုက်ခြင်းသည် တရားမဝင်ကြောင်း ယင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။

“စဖွဲ့ကတည်းက တိုင်းအစိုးရအဖွဲ့ အကြံပေးဥပဒေပညာရှင်တွေ ၊ တိုင်းဒေသကြီး ဥပဒေချုပ်တွေလည်း ပါဝင်ဆွေးနွေးပြီး အတည်ပြုခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီတင်ပြပြီးမှ တာဝန်ပေးထားတာဖြစ်လို့ တိုင်းလွှတ်တော်ကရပ်ဆိုင်းခွင့် မရှိဘူး။ ဒီအဖွဲ့ကို အစိုးရအဖွဲ့ကသာ ရပ်ဆိုင်းဖို့ အတည်ပြုရင်တော့ အဖွဲ့အနေနဲ့ နားရုံသာရှိပါတော့တယ်”ဟု ၎င်းက ပြောဆိုသည်။

တိုင်းနှင့်ပြည်နယ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့များဖွဲ့ရန် ၂၀၁၇ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုအောင်ခဲ့သော်လည်း လတ်တလောအခြေခံဥပဒေနှင့် မကိုက်ညီသည့်အတွက် ရပ်ဆိုင်းရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များဖွဲ့စည်းရေးနှင့် ပတ်သက်သည့် နည်းဥပဒေနှင့်ဥပဒေများ ထွက်ရှိပြီးချိန်အထိ ရပ်ဆိုင်းရန် သင့်တော်သည်ဟုဆိုကာ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

ယင်းအဆိုကို ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၆၆ ဦး၌ ထောက်ခံမဲ ၄၀၊ ကြားနေမဲ ၃ မဲနှင့် ကန့်ကွက်မဲ ၂၂ မဲဖြင့် ဖျက်သိမ်းခံခဲ့ရခြင်းဖြစ်သည်။

BRCCA ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ 

R-15



FOLLOW US