News

POST TAGGED AS

ပူတာအို

10-Sep-2018 tagged as ပူတာအို
မြန်မာပြည် မြောက်ပိုင်းစွန်းဒေသ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် တစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပူတာအိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးယောစီက ပြောကြားသည်။
ပူတာအိုခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးရဲတီသည် မေလ ၁၈ ရက်နေ့က ဖုန်းအားသွင်းနေရင်း ဖုန်းပြောရာမှ ဖုန်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်အတွက် ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဆေးရုံသို့ သွားရောက်ကူညီခဲ့သည့် ပူတာအိုဒေသခံ ဦးအောင်ခမ်းက ပြောကြားသည်။
တစ်လကျော်ကြာ လမ်းပိုင်းသွား လာဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ ယခုအခါ ပြန်လည်သွားလာ၍ ရနေပြီဖြစ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ လုံခြုံမှုမရှိသည့်အတွက် မြစ်ကြီးနားနှင့် ပူတာအိုလမ်းပိုင်းတွင် တည်ဆောက်မှုလုပ်ငန်းများကို ရပ်နားထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။