News

POST TAGGED AS

ပူတင်

ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် မနှစ်က အမေရိကန် သမ္မတရွေးပွဲ၌ ရုရှားတို့ စွပ်စွဲခံထားရသော ဆိုက်ဘာဖောက်ထွင်းမှု ပြဿနာကို ဆွေးနွေးငြင်းခုံခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရုရှား ဝင်ရောက်စွက်ဖက်မှုများ၏ အောင်မြင်မှုကို ရည်မှန်းချက် အထမြောက်ခြင်း ရှိ မရှိနှင့် နှိုင်းယှဉ်ပြီး တိုင်းတာရမည် ဖြစ်သည်။ ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ခြေမှာ မဖြစ်နိုင်တော့သော်လည်း ယင်းမှာ ကရင်မလင် မြင်ချင်သည့်အရာ မဟုတ်ပေ။ တတိယအကြိမ် စကားစစ်ထိုးပွဲတွင် ပူတင်နှင့် ခပ်ခွာခွာနေရေး အခွင့်အရေးကို ထရမ့် ဘေးဖယ်ထုတ်ခဲ့သည်။ ထို့အပြင် ထရမ့်သာ သမ္မတ ဖြစ်လာပါက ခန့်မှန်း၍ မရသော သမ္မတ ဖြစ်လာမည် ဖြစ်သည်။ ပူတင်မှာမူ ပထဝီ နိုင်ငံရေးဇာတ်ခုံပေါ်တွင် ခပ်ရိုင်းရိုင်း ကစားဆုံး ကစားသမား တစ်ယောက် ဖြစ်သည်။ ထရမ့်သာ သမ္မတ ဖြစ်လာပါက ပူတင်၏ စတိုင်နှင့် မဟာဗျူဟာ တွက်ချက်မှုများတွင် အခက်အခဲများ ပေါ်ပေါက်လာစေမည် ဖြစ်သည်။