News

POST TAGGED AS

ပုလော

ရွှေပြည်သာတံတားအဆင်းတွင် YBS၂၁ နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၊ နှစ်ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၄

အင်းစိန်မြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက် ၉ နာရီခွဲက YBS ၂၁ ခရီးသည်တင်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ လင်မယားနှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် YBS ၂၁ ခရီးသည်တင်ယာဉ်မှာ ရွှေပြည်သာတံတားပေါ်မှ မောင်းနှင်လာခဲ့ပြီး အင်းစိန်ဘက် တံတားအဆင်းအရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းလာသည့် မော်တော်ဆိုင်ကယ်တစ်စီးနှင့် လမ်းလယ်တွင် ဝင်တိုက်မိခြင်းဖြစ်ပြီး ယာဉ်နှင့်ဆိုင်ကယ်မှာ ပျက်စီး၍ ဆိုင်ကယ်မောင်းသူ အမျိုးသားနှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ၎င်း၏ ဇနီးဖြစ်သူတို့မှာ အခင်းဖြစ်နေရာတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

“YBS ယာဉ်မောင်းကို ဖမ်းဆီးထားတယ်။ ဖြစ်စဉ်က နှစ်ဖက်စလုံး လမ်းလယ်တက်မောင်းရာက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် YBS ယာဉ်မောင်းရော သေဆုံးသွားတဲ့ ဆိုင်ကယ်မောင်းသူ အမျိုးသားကိုပါ အမှုဖွင့်အရေးယူထားပါ တယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

လင်မယား နှစ်ဦးသေဆုံးခဲ့သည့် အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ YBS ၂၁ ယာဉ်မောင်း ဦးစိုးမြင့်သန်းနှင့် ဆိုင်ကယ်မောင်းသူ ကိုအောင်အောင် (သေဆုံး) တို့ကို အင်းစိန်မြို့မရဲစခန်းက ယာဉ် (ပ) ၅/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

S-03



FOLLOW US