News

POST TAGGED AS

ပိုးကရင်

ပိုးကရင် အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းများ စာရေးကိရိယာလှူ
ပုသိမ်၊ ဇွန် ၉

ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက် မင်းကြီးလမ်းရှိ အထက်တန်းကျောင်းခွဲ (အလက ၂) ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကို ပိုးကရင် အထက်တန်းကျောင်း ယခင် (အထက ၄) ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်းက ဇွန်လ ၉ ရက်က လှူဒါန်းခဲ့သည်။ 

အဆိုပါကျောင်းတွင် ပညာသင်နေသော ကျောင်းသားကျောင်းသူများမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သောကြောင့် ကျောင်းပရိဘောဂနှင့် ကျောင်းလမ်းမပါ မကျန် ကျောင်းသား၊ ကျောင်းသူဟောင်းများက ထောက်ပံ့ရခြင်းဖြစ်ကြောင်း ပိုးကရင် အထက်တန်းကျောင်း ယခင် (အထက ၄) ကျောင်းသား/သူ ဟောင်းများထံမှသိရသည်။

“ကျောင်းက အလှူခံတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ပညာသင်ခဲ့တဲ့ ကျောင်းက ကလေးတွေမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် လှူဒါန်းကြတာပါ၊ အထက်တန်းကျောင်းအဆင့်ကနေ အလယ်တန်းကျောင်းအဆင့်ကို လျှော့ချခံခဲ့ရတော့ အထက်တန်းကျောင်းပြန်ဖြစ်ဖို့ ဝိုင်းကြိုးပမ်းနေကြပါတယ်”ဟု အဆိုပါ ကျောင်းသား၊ ကျောင်းသူများအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ခိုင်က ပြောသည်။ 

အဆိုပါ ကျောင်းမှာ ယခင်က ကျောင်းသား၊ ကျောင်းသူ ၁၇၀၀ ကျော် ပညာသင်ကြားသည့် ပိုးကရင် အထက်တန်းကျောင်း အမှတ် (၄) အထက (ပုသိမ်) ဖြစ်ခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် အလယ်တန်းကျောင်းအဆင့်သို့ လျှော့ချခံရပြီး ၃၀၀ ဦး တက်ရောက်ပညာသင်ကြားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အထက်တန်းကျောင်းခွဲ အဆင့်သို့ ပြန်လည်တိုးမြှင့်ခံကြောင်း ယင်းကျောင်း၏ မှတ်တမ်းများအရ သိရသည်။ 

R-12




FOLLOW US