News

POST TAGGED AS

ပိုင်ရှင်မဲ့

မြန်မာ့ရေပြင်ပိုင်နက် (သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင် ခန့်အကွာတွင်) သောင်တင်နေသောကုန် တင်သင်္ဘောကို ပြန်လည်ဆွဲယူရန် သင်္ဘောပိုင်ရှင်ထံ အီးမေးလ်ပေးပို့ အသိပေးထားပြီး သင်္ဘောပြန်လည်ဆွဲယူရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အခြားသော ထိခိုက်ဆုံးရှုံးမှုများရှိလျှင် ယင်းဆုံးရှုံးမှုတန်ဖိုးကို သင်္ဘောပိုင်ရှင်က ပေးဆောင်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။
ခက်တာက သတင်းပေးသူမှာလည်းပြောဖို့က အကန့်အသတ်တွေ ရှိနေပြန်တယ်။ အခုပြောနေတာ ဘယ်ရွာက ဘယ်သူဆိုတာကို အမှန်အတိုင်း ဖွင့်မပြောရဲဘူး။ ကြောက်နေရတယ်။ တရားမဝင်လုပ်ငန်း လုပ်တဲ့သူတွေဘက်မှာ အင်အားတွေ ရှိသတဲ့။ ကွန်ရက်တွေ ချိတ်ထားသတဲ့။ ဘယ်သူသတင်းပေးလို့ ဘယ်ကိစ္စတော့ အဖမ်းခံလိုက်ရပြီဆိုရင် သတင်းပေးသမားကို စုံစမ်းပြီး တတ်နိုင်တဲ့ဘက်ကနေ ဒုက္ခပေးဖို့ လက်မတွန့်တတ်ကြဘူးဆိုပဲ။ တစ်ခါတစ်ခါမှာ အသက်ကိုတောင် ရန်ရှာတဲ့အထိ ဖြစ်လာကြတယ်ဆိုပဲ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ခွေးများကို ရှင်းလင်းရာ ခွေး ၂၉ ကောင်ကို အဆိပ်ကျွေး သုတ်သင်ရှင်းလင်းခဲ့ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။