News

POST TAGGED AS

ပုသိမ်

27-Oct-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ရှုခင်းသာရင်ပြင်တွင် လာမည့် တန်ဆောင်မုန်း လပြည့်နေ့(နိုဝင်ဘာလ ၃ ရက်နေ့) ညတွင် ကာတွန်းမီးပုံးထွန်းပွဲနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကို ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူပုသိမ်မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေကို ပြောင်းရွှေ့မိန့် ထုတ်ပြန်ပြီး ဖြစ်သောကြောင့် အချိန်ပေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခြင်းမပြုရန် ဧရာဝတီ တိုင်းအစိုးရအဖွဲ့က တားမြစ်ထားကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကန်သုံးဆင့် Royal Lake Amusement Park ပန်းဥယျာဉ်တွင် LED မီးလုံးပေါင်း သန်း ၇၀ ကို အသုံးပြု၍ မီးအလှပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ နှစ်လကြာ ခင်းကျင်းပြသမည်ဖြစ်ကြောင်း ယင်းပွဲတော်ကျင်းပရေး စီစဉ်သူများထံမှ သိရသည်။
11-Oct-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားများကို လေးပတ် ဆက်တိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျေးရွာအုပ်စုရှိ အင်းရဲရွာနှင့် ရုံးပင်ရွာသို့ ဆက်သွယ်ထားသော ဆည်လေးချောင်း ချောင်းကူးတံတားသစ် တည်ဆောက်ရန် နေရာ သတ်မှတ်ပေးသည့် တိုင်းအစိုးရနှင့် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်ကို ထောက်ခံသည့်အနေနှင့် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းက ဒေသခံ ၈၀ဝ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
09-Oct-2017 tagged as ပုသိမ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ပဋိပက္ခ အကြမ်းဖက်မှု ပြဿနာများကို တရားမျှတစွာ ဖြေရှင်းမှုအတွက် ပြည်သူများ ထောက်ခံမှုကို ပုသိမ်မြို့တွင် အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီက စစ်ကြောင်း ၅ ကြောင်းဖြင့် လူဦးရေ တစ်သောင်းကျော် ပါဝင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
02-Oct-2017 tagged as ပုသိမ်
ဘိုကလေးမြို့နှင့် ရေမိုင် ၄၆ မိုင်ခန့်အကွာရှိ ခိုင်ရွှေဝါကျေးရွာတွင် အောက်တိုဘာလ ၁ရက် ည ၁၁နာရီခန့်က အရက်မူးလာသည့် ကိုကျော်ဌေးက ဇနီးဖြစ်သူ မသန်းညွန့်နှင့် မယားပါ ကလေးငယ် ၃ ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ၊ အခြား တိုင်းရင်းသားများအတွက် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ဗိုလ်ဘဌေးလမ်းရှိ ဟိန္ဒူဘုရားကျောင်းတွင် ဟိန္ဒူဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များက ဆုတောင်း မေတ္တာပို့ အမျှဝေခဲ့ကြသည်။
27-Sep-2017 tagged as ပုသိမ်
ပုသိမ်လေဆိပ်မှ လေ့ကျင့် ပျံသန်းလာစဉ် ပျောက်ဆုံးသွားခဲ့သည့် တပ်မတော် (လေ) လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် ရက် ၂၀ ကျော်သည်အထိ ရှာမတွေ့သေးဘဲ ယခုအခါ ယင်းပျောက်ဆုံးလေယာဉ် ရှာဖွေတွေ့ရှိသူကို ငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ပုသိမ် လေတပ်စခန်းဌာနချုပ် ဗိုလ်မှူးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။
24-Sep-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မြောင်းမြ(ရွေးမြစ်) မြစ်ကူးတံတား တစ်စင်းကို မူလက ဆောက်လုပ်ထားသော တံတားဟောင်းဘေးတွင်ယှဉ်လျက် ပြည်ထောင်စု အစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ထပ်မံ တည်ဆောက်လျက် ရှိသည်။