News

POST TAGGED AS

ပုသိမ်

ဧရာဝတီတိုင်း ပုသိမ်မြို့ ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဇန်နဝါရီ လ ၂၃ ရက်က စားတော်ပဲဈေး ၁၀ တင်းလျှင် ကျပ်ကိုးသိန်းခြောက်သောင်းအထိ စံချိန်တင်မြင့်တက်နေကြောင်း ပဲမျိုးစုံ ရောင်းဝယ်သူများထံမှ သိရသည်။
20-Jan-2018 tagged as ပုသိမ် FDA
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက် ကမ်းနားဈေးရှိ စားသုံးကုန် နှင့် အလှကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များကို ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးရာ တားမြစ်ဆိုးဆေး အသုံးပြုထားသော မျှင်ငါးပိများကို တွေ့ရှိကာ သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း ယင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးဝန်ထမ်းဖြစ်သည့် အသက် ၃၇ နှစ်ရှိ ဒေါ်နီလာခိုင်သည် နေအိမ်အိမ်သာတွင်း၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် ဆောင်ရွက်မည့် ရေပေးဝေရေးလုပ်ငန်းနှင့် ငပုတောမြို့နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် မပြီးပြတ်သောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်သစ်ကို တိုက်တွန်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီကပြောကြားသည်။
ပုသိမ်မြို့၏ ထွက်ကုန်တစ်ခုဖြစ်သော ပုသိမ်ဟာလဝါတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်အပြင် ပါဝင်ပစ္စည်းများကို ဖော်ပြထားသည့် အမှတ်တံဆိပ်များကို ဇန်နဝါရီလမှစတင်ကာ ထည့်သွင်းရောင်းချရန် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
လစ်လပ်နေသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာ ပြန်လည်ရွေးချယ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပရန် ခေါ်ယူထားပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့ ဝန်ကြီးချုပ်ဖြစ်မည်ဟု သတင်းထွက်ပေါ်နေသည်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ရှိ ပုသိမ်မြို့မှ ချောင်းသာကမ်းခြေဒေသနှင့် မော်တင်ကမ်းခြေဒေသသို့ သွားရာ ကားလမ်းနှစ်ခုကို ယခုဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ကာ တိုးချဲ့ဖောက်လုပ်နေကြောင်း ပုသိမ်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေမြို့ ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းရှင်အချို့က အဆောက်အအုံသစ်များ ထပ်ဆောက်နေမှုကို လိုအပ်သလို အရေးယူပေးရန် ငွေဆောင်ကမ်းခြေမြို့ စည်ပင်သာယာရေးကော်မတီက ဇန်နဝါရီလ ၈ ရက်တွင် တိုင်းအစိုးရထံ တင်ပြတိုင်ကြားမည်ဖြစ်သည်။
02-Jan-2018 tagged as ပုသိမ်
မီးသွေးမီးဖိုနေရာတွင် အစားထိုးလောင်စာများ အသုံးပြုလာမှုများကြောင့် ဧရာဝတီတိုင်း ပုသိမ်မြို့မှ ထွက်ရှိသော မီးသွေးမီးဖို ထုတ်လုပ်မှုမှာ သုံးပုံတစ်ပုံ ကျဆင်းသွားကြောင်း မီးသွေးမီးဖိုထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြင်စလူမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ရှိ ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၂၈ ရက်က ရေလုပ်သား ၂၆ ဦး လိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်ကာ ၅ ဦး ပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။