News

POST TAGGED AS

ပုသိမ်

04-Feb-2017 tagged as ပုသိမ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်းတို့ ပစ်သတ်ခံရမှုကြောင့် ၎င်းတို့ ကောင်းမွန်ရာဘုံသို့ ရောက်ရှိစေရန်အတွက် ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၄ရက် ညနေပိုင်းက မေတ္တာပို့ အမျှအတန်းပေးဝေ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
18-Jan-2017 tagged as ပုသိမ်
ပုသိမ်အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က ဆူပူအော်ဟစ် ရမ်းကားခဲ့ကြသူ လေးဦးကို ပုသိမ်မြို့နယ် တရားရုံးက ယနေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ထောင်ဒဏ် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
16-Jan-2017 tagged as ပုသိမ်
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၈) နယ်မြေရှိ သရောင်းချောင်းသုဿန်တွင် အသုံးပြုနေသော မနောဖြူ မီးသင်္ဂြိုဟ်စက်မှ အောက်ခံ မီးထိုးပေါက် သံတုံးများမှာ ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းက ကျိုးကာ ချိုးယွင်းခဲ့ကြောင်း မနောဖြူ လူမှုကူညီရေး အဖွဲ့ထံမှ သိရှိရသည်။
30-Dec-2016 tagged as ပုသိမ်
ကမ်းခြေတွင် ဈေးရောင်းချခွင့်ပြုရန် ချောင်းသာကမ်းခြေမှ ဈေးသည် ၇၀ ကျော် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့သို့ ပထမဆုံးအကြိမ် လာရောက်၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
03-Dec-2016 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ပုသိမ်စက်မှုဇုန်ရှိ He Shan (Myanmar) Garment Co., Ltd. မှ အထည်ချုပ်လုပ်သား ၈ဝဝ ကျော်က အလုပ်ချိန်နှင့် လုပ်အား ခေါင်းပုံဖြတ်ခံရမှု အပါအဝင် နစ်နာမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက အလုပ်ရှင်နှင့် စက်ရုံ အုပ်ချုပ်ရေးအဖွဲ့ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရသည်။
10-Nov-2016 tagged as ပုသိမ်
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ နှစ်စဉ် ကျင်းပသော မီးမျှောပွဲနှင့် ဆီမီး တစ်သိန်း ပူဇော်ပွဲကို ယခုနှစ်တွင် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ကျင်းပမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
28-Oct-2016 tagged as ပုသိမ် သင်္ဘော
“ပုသိမ်မြို့အထွက် င၀န်မြစ်အတွင်း မျိုးချစ်ဆန်စက်ရှေ့လောက်မှာ တိုက်မိခဲ့တာပါ၊စက်လှေပေါ်ပါ သူတွေကတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှု မရှိပါဘူး၊ဆန်အိတ်တွေကတော့ ဆုံးရှုံးပြီး စက်လှေလည်း နစ်သွားတယ်လို့ သိရပါတယ်၊အမှုကို ဆက်လက်စစ်ဆေးနေဆဲပါ”
27-Sep-2016 tagged as အရက် ပုသိမ်
"ညအချိန် လမ်းဘေးတွေနဲ့ အများပြည်သူ အပန်းဖြေတဲ့ နေရာတွေမှာ ၀ိုင်းဖွဲ့ပြီး အရက်သောက်ကြတာဟာ ပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပါတယ်၊ ပြည်သူတွေ လုံခြုံမှု ကင်းမဲ့လာတဲ့ အခြေအနေ ဖြစ်လာတယ်၊ ဒါကြောင့် အများပြည်သူအတွက် လိုအပ်နေတဲ့ ၀န်ဆောင်မှုကို ဆောင်ရွက်တာပါ"
01-Sep-2016 tagged as ပုသိမ် စပါး
"နစ်မြုပ်လယ်တွေ ပြန်စိုက်ဖို့ တိုင်းဒေသကြီး အစိုးရက မျိုးစပါးတင်း နှစ်သောင်းကျော် အသင့်ရှိနေပါတယ် ၊ လိုအပ်ချက်ပေါ် မူတည်ပြီး မျိုးစပါး တင်းပေါင်း ငါးသောင်းကနေ တစ်သိန်းအထိ ဖြည့်တင်းဖို့ စီမံထားပါတယ်၊ မျိုးစပါးတွေကို ရေနစ်မြုပ်တဲ့ တောင်သူတွေဆီကို အခမဲ့ ဖြန့်ဝေသွားမှာပါ"
31-Aug-2016 tagged as ဧရာဝတီ ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေမြို့နှင့် ရွှေသောင်ယံကမ်းခြေ မြို့မကျီးရွာ၊ သဲကုန်းရွာများသို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်း ၃ လမ်းမှာ မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းများ ပျက်စီးနေသောကြောင့် ခရီးသည်တင် ယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်များ အခက်အခဲများ တွေ့ကြုံနေရကြောင်း ဒေသခံများထံမှ သိရှိရသည်