News

POST TAGGED AS

ပုသိမ်

24-Sep-2017 tagged as ပုသိမ်
ပင်လုံရတနာ ဖွံ့ဖြိုးရေးကုမ္ပဏီ အနေနှင့် နိုင်ငံပိုင်မြေများ လုပ်ကိုင်ခွင့် ရရှိသည်ထက် ကျူးကျော်လုပ်ကိုင်ခြင်းနှင့် ဒေသခံ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရ အင်းချောင်းများကို တာပတ်၍ ငါးကန်ပြုလုပ်သည် ဆိုသော ကနဦးသတင်းအရ လုပ်ထုံး လုပ်နည်းအတိုင်း စစ်ဆေးခဲ့သည့် ညောင်တုန်းမြို့နယ် လွှတ်တော်အမတ်နှင့် နိုင်ငံ့ဝန်ထမ်းများကို ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ မကျေနပ်သဖြင့် မြို့နယ် ၇ မြို့နယ်မှ တောင်သူများ၊ ရေလုပ်သားများက ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းက ညောင်းတုန်းတွင် ဆန္ဒပြခဲ့ကြသည်။
21-Sep-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့ရှိ LED ဘုတ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြသစဉ် လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မဟာဗန္ဓုလ လမ်းမကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေး ကွန်ရက် (ဗဟို)၏ အစီအစဉ်ဖြင့် အမေ့မေတ္တာ အခမဲ့ စက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။
10-Sep-2017 tagged as ဆန္ဒပြ ပုသိမ်
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ဒေသခံ ၁၀၀၀ ခန့် စုပေါင်း၍ ယနေ့(စက်တင်ဘာလ ၁၀ ရက်) မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
04-Sep-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ညောင်တုန်းမြို့နယ် သက်ဆိုင်ရာ ဌာနများမှ မြို့နယ်အဆင့် တာဝန်ရှိအရာရှိ ၃ ဦး ၊ သဇင်ရေကျော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး၊ ဒေသခံ ၁ ဦး အပါအဝင် ၇ ဦးထံမှ နစ်နာကြေး ကျပ်သိန်း နှစ်သောင်း ရလိုဟုဆိုကာ ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲထားကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းရွှေကို ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ (စက်တင်ဘာလ ၄ ရက်)တွင် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့သည်။
11-Aug-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အတွင်းရှိ ငွေဆောင်ကမ်းခြေ အမှတ် ၄ ရပ်ကွက် ကွင်းအမှတ် ၁၉၈၂ တွင် သြဂုတ်လ ၁၀ ရက်နေ့ ည ၁ နာရီ ဝန်းကျင်က တောဆင်ရိုင်းနှစ်ကောင် ဝင်ရောက်လာပြီး စပါးစိုက်ခင်း၊ မိုးပဲစိုက်ခင်းနှင့် အုန်းပင်များ ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မူးယစ်ဆေး လက်ဝယ်ထားရှိ ရောင်းချသူနှစ်ဦးကို သက်သေခံ မူးယစ်ဆေးများနှင့်အတူ သြဂုတ်လ ၁၀ ရက်နေ့ညက ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းမှ သိရှိရသည်။
29-Jul-2017 tagged as ပုသိမ် H1N1
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 ဖြစ်ပေါ်နေရာ ယင်းရောဂါ ကာကွယ်သည်ဆိုကာ ပုသိမ်မြို့ပေါ်တွင် မြင့်မိုရ်ကုန်း အမည်ရှိ တိုင်းရင်းဆေး အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ပရဆေးအရောင်းဆိုင်များထံမှ သိရှိရသည်။
06-Jun-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ဇီးချိုင်၊ ကံချိုင်၊ ရှောက်ချောင်း၊ ကျေးရွာများသို့ ဇွန်လ ၄ ရက်က ကြွက်ဝမ်းဖြူများ ထောင်ချီဝင်ရောက်ပြီး စားပင်သီးပင်များကို ဖျက်ဆီးခဲ့သဖြင့် ဒေသခံများက ကူးစက်ရောဂါပိုး အန္တရာယ်ကို စိုးရိမ်နေကြသည်။