News

POST TAGGED AS

ပုသိမ်

30-Dec-2016

ပုသိမ်
ဈေးရောင်းခွင့် ပြန်ရရန် ချောင်းသာကမ်းခြေ ဈေးသည်များ ဆန္ဒဖော်ထုတ်
ပုသိမ်၊ ဒီဇင်ဘာ ၃၀

ကမ်းခြေတွင် ဈေးရောင်းချခွင့်ပြုရန် ချောင်းသာကမ်းခြေမှ ဈေးသည် ၇၀ ကျော် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့သို့ ပထမဆုံးအကြိမ် လာရောက်၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။

ကမ်းခြေ၌ ဈေးရောင်းချခွင့် ပိတ်ပင်ခြင်း ခံရ၍ ပြန်လည်ရောင်းခွင့် ရရှိရေး၊ တစ်ဖတ်သတ် ဘက်လိုက်ဆောင်ရွက်သော ကမ်းခြေစည်းကမ်းအဖွဲ့ဝင်များ နုတ်ထွက်ပေးရေး၊ ကမ်းခြေဈေးသည်များအား တိုင်းအစိုးက နေရာချထားပေ နိုင်ရန် ဆောင်ရွက်မှုကို ကန့်ကွက်၍ ကြန့်ကြာအောင် လုပ်သော ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အား အရေးယူပေးရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ပုသိမ်မြို့တော်ခန်းမရှေ့မှ စတင်ကာ ကမ်းနားလမ်း၊ ရွှေစေတီလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဒုလမ်းများသို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြခဲ့ကြသည်။

ဓာတ်ပုံ - မောင်မျိုးထက် (ပုသိမ်)



FOLLOW US