News

POST TAGGED AS

ပုသိမ်ကြီးမြို့

မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုလုပ်နေသည့် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ စီမံကိန်း ပိတ်သိမ်းပေးရေးအတွက် ကန့်ကွက်နေသူများထဲမှ ငြိမ်းစုစီဥပဒေ၊ လမ်းတံတားဥပဒေများဖြင့် အမှုဖွင့်ခံနေရသူများကို လာရောက်ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ဇူလိုင်လ ၂၅ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိအောင် သပြေကျေးရွာအနီးတွင် မြင့်ကုမ္ပဏီအုပ်စုက တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကြောင့် ကျေးရွာနှစ်ပိုင်း ကွဲသွားနိုင်သည်ဟု အဆိုပါကျေးရွာ ဒေသခံများက ပြောဆိုသည်။
ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေ စက်ရုံတည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၀၀ ကျော်က ဧပြီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အသက် ၁၇ နှစ်အရွယ်မိန်းကလေးကို အိမ်ရှင်၏သားက မုဒိမ်းကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားသည်မှာ တစ်ပတ်ကြာပြီဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းမမိသေးကြောင်း ပုသိမ်ကြီးမြို့မရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမင်းသိန်းက ပြောကြားသည်။