News

POST TAGGED AS

ပုလဲဆိပ်ကမ်း

ပုလဲဆိပ်ကမ်းသို့ လာရောက်သော ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖြစ်လာမည်

တိုကျို၊ ဒီဇင်ဘာ ၆

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ပုလဲဆိပ်ကမ်းသို့ သွားရောက်ရန် စီစဉ်ထားရာ ဟာဝိုင်ယီရှိ အမေရိကန် ရေတပ်စခန်းသို့  ပထမဆုံး လာရောက်သော ဂျပန်ခေါင်းဆောင် ဖြစ်လာမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၁၉၄၁ တွင် ပုလဲဆိပ်ကမ်းကို ဂျပန် လေယာဉ်များက ရုတ်တရက် အငိုက်ဖမ်း တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန် ရေတပ်သား ၂၃၀ဝ ခန့် ကျဆုံးခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်းသို့ အမေရိကန် ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ရှင်ဇိုအာဘေးသည် ဒီဇင်ဘာလ ၂၇ ရက်တွင် သမ္မတ အိုဘားမားနှင့်အတူ သွားရောက်မည်ဖြစ်သည်။ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် မတိုင်မီ နှစ်ရက် အလိုတွင် ထုတ်ပြန်သော ကြေညာချက်သည် ဟီရိုရှီးမားသို့ သမ္မတ အိုဘားမား သွားရောက်ခြင်းကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားသည်လည်း ၁၉၄၅ ခုနှစ်က အမေရိကန် အဏုမြူဗုံးဒဏ်ကြောင့် လူပေါင်း ၁၅၀,ဝ၀ဝ ခန့် သေဆုံးခဲ့ရသော ဟီရိုရှီးမားမြို့သို့ သွားရောက်သော ပထမဆုံး အမေရိကန် ခေါင်းဆောင် ဖြစ်သည်။

ဝန်ကြီးချုပ်အာဘေးက “စစ်ရဲ့ အနိဋ္ဌာရုံများကို ထပ်မံ မဖြစ်စေရပါဟု ကတိ ပေးလိုပါသည်။ တစ်ချိန်တည်းတွင် ဂျပန်နှင့် အမေရိကန်အကြား ပြန်လည် သင့်မြတ်မှု သဝဏ်လွှာကို ပေးပို့လိုက်ပါသည်”ဟု ကြေညာချက် ထုတ်ပြန်သည်။

ခေါင်းဆောင် နှစ်ဦးသည် ဟာဝိုင်ရီတွင် နောက်ဆုံးအကြိမ် ထိပ်သီး အစည်းအဝေး မကျင်းပမီ၊ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရသော နေရာ၌ ကျဆုံးခဲ့သူများကို အလေးပြုကြမည် ဖြစ်သည်။

ယခု ခရီးစဉ်သည် ယခင်ပြိုင်ဘက်များကို ရင်းနှီးသော မဟာမိတ်များ ဖြစ်လာအောင် အကျိုးတူ စီးပွားများ၊ တူညီသော တန်ဖိုးများဖြင့် ပြောင်းလဲပေးသော ပြန်လည် သင့်မြတ်ရေး ပါဝါကို ပြသခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

ဝန်ကြီးချုပ် အာဘေးကလည်း ဟာဝိုင်ယီ ဆွေးနွေးပွဲသည် တစ်ကမ္ဘာလုံးအား အနာဂတ်၏ အခိုင်မာဆုံး မဟာမိတ်ဖြစ်ကြောင်း ပြသရန် အခွင့်အရေး ဖြစ်သည်ဟု ပြောကြားသည်။ 

ဗုဒ္ဓဟူးနေ့တွင် ကျရောက်မည့် ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အခမ်းအနားကို ဆိပ်ကမ်းကို စီးမြင်ရသည့် ဆိပ်ခံ တံတားပေါ်တွင် ကျင်းပမည်ဖြစ်ပြီး တိုက်ခိုက်မှု စတင်သည့် ၇း ၅၅ အချိန်တွင် ခေတ္တငြိမ်သက်၍ အလေးပြုကြမည် ဖြစ်သည်။ 

F-04



FOLLOW US