News

POST TAGGED AS

ပုပ်ရဟန်းမင်း

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လာရောက်ခဲ့ဖူးသည့် ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော မြန်မာရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ကလေးမမွေးဖွားလိုသောကြောင့် ကိုယ်ဝန်ဖျက်ချသည့် အလေ့အထသည် ဒုတိယကမ္ဘာခေတ်ကာလက လူသားသန့်စင်သည့် အစီအစဉ်များနှင့် တူညီနေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေး ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ယေရှုခရစ်ကွယ်လွန်သည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ရောမမြို့ကို လော့စီယမ်ရှေးဟောင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သော Via Crucis သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်လာသော ပရိသတ် ၂၀,၀၀၀ ခန့်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က အမှာစကားပြောရာတွင် စစ်ပွဲများ၊ ခွဲခြားမှုများကြောင့် ကျိုးပဲ့နေသော ကမ္ဘာကြီးကို နောင်လာနောက်သားများ အမွေဆက်ခံရသည့်အတွက် အရှက်ရမိသည်ဟု ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ လာမည့်အပတ် ခရီးစဉ်မတိုင်မီ ချီလီနိုင်ငံရှိ ဘုရားကျောင်းများစွာ တိုက်ခိုက်ဖျက်ဆီးခြင်းခံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အစ္စရေး - ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရန်အတွက် အစ္စရေး - ပါလက်စတိုင်းနှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပေါ်ပေါက်ရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်း၏ ယခုနှစ် ခရစ္စမတ်သတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ၏ ဦးဆောင်သူ ဗာတီကန်စီးတီးမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Pope Francis) ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အသင်းချုပ်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိုးအောင်က ပြောကြားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စသည် လာမည့်နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရေးကြီးသည့် ထိပ်ပိုင်းခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဗာတီကန်က သတင်းထုတ်ပြန်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပစ်ပယ်ခံ အသိုင်းအဝိုင်းများမှ အသက်ကြီးသော အိမ်ထောင်သည် ယောက်ျားများအား ရဟန်းအဖြစ် ချီးမြှောက်ရေးကို စဉ်းစားလိုသော်လည်း ရဟန်းမလုံလောက်မှုကို ကိုင်တွယ်ရန် နည်းလမ်းရှာခြင်း မဟုတ်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာတွင် ဘုရားသခင်ကို ချောင်ထိုးကာ ဆာလောင်ငတ်မွတ်နေသူများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ စစ်ဘေးသင့်နေသူများ၏ ဆင်းရဲဒုက္ခများကို မျက်ကွယ်ပြုနေသော ရုပ်ဝါဒက ခရစ္စမတ်ကို ဓားစာခံ လုပ်နေသည်ဟု ပုတ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာတွင် အမျိုးသမီး ဘာသာရေး ခေါင်းဆောင်များ ခွင့်မပြုခြင်းကို ကက်သလစ်ကျောင်းတော်က ပိတ်ပင်ထားခြင်းမှာ ထာဝရအတွက် ဖြစ်ပြီး ပြောင်းလဲမည် မဟုတ်ဟု အတည်ပြု ပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။