News

POST TAGGED AS

ပုဒ်မ

အိမ်ထောင်ရှင် အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်
မိတ္ထီလာ၊ ဇူလိုင် ၁၇

မိတ္ထီလာမြို့နယ် မဟာစည် တိုးချဲ့ရပ်ကွက်တွင်နေထိုင်သော အိမ်ထောင်ရှင် အမျိုးသားတစ်ဦးကို မိတ္ထီလာ စက်မှုဇုန်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။

တိုင်တန်းသူမှာ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကာ တိုင်ကြားခံရသူ ဦးကျော်စိုးမိုးနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကစ၍ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ တိုင်ကြားသူတွင် ကိုယ်ဝန်ရှိမှသာ တိုင်ကြားခံရသူသည် ကလေးတစ်ဦးဖခင်ဖြစ်မှန်းသိရ၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါတိုင်ကြားချက်ကို အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၁၀၅/၂၀၁၈ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၁၇ ဖြင့်အမှုဖွင့်ထားပြီး တိမ်းရှောင်နေသော ဦးကျော်စိုးမိုးကို ဖမ်းဆီးရမိရန် စုံစမ်းရှာဖွေလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01



FOLLOW US