News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

13-Jun-2017 tagged as ပုဒ်မ ၆၆ (ဃ)
သတင်းမီဒီယာ လွတ်လပ်ခွင်းရရှိရေးနှင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် သတင်းသမားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမား ၂၀ ကျော် စုပေါင်းပြီး ၀တ်ပြု ဆုတောင်းမှုကို စစ်တွေမြို့တွင် ယနေ့ (ဇွန်လ ၁၃ ရက်) မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးရေး အပါအဝင် အချက်သုံးချက်ကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ Committee to Protect Journalists (CPJ)က တောင်း ဆိုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အမှုများ အာမခံ ရရှိရန်နှင့် အတည်ပြု ပြဋ္ဌာန်းထားသော ထောင်ဒဏ် သုံးနှစ်မှ ၂ နှစ်အထိ ထားရှိရန် သူရဦးရွှေမန်း ကော်မရှင်က လွှတ်တော် အသီးသီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များထံမှ သိရသည်။
07-Jun-2017 tagged as ပုဒ်မ ၆၆ (ဃ)
လက်ရှိ ပစ္စက္ခကာလတွင် အဆိုပါ ဥပဒေကြီး၏ ပင်မ ရည်ရွယ်ချက်နှင့်ပြဋ္ဌာန်းချက် အနှစ်သာရများ ပျောက်ဆုံးပြီး ထိုပုဒ်မခွဲဖြစ်သည့် ၆၆(ဃ) ဆိုသည်မှာလည်း နာမည်ဆိုးနှင့်သာ ကျော်ကြားနေလျက်ရှိပြီး ပြည်သူ အများအတွက် အကျိုးစီးပွားကို ကာကွယ်ပေးရမည့်နေရာမှ လျှောကျလျက် ရှိနေလေတော့သည်။
သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ဖမ်းဆီးမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများက ဇွန် ၈ ရက်နေ့မှစတင်၍ လှုပ်ရှားမှုအဆင့် သုံးဆင့် ပြုလုပ်သွားမည်ဟု သတင်းမီဒီယာသမားများက ဆုံးဖြတ်လိုက်သည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်၏ တရားစွဲခံရသော ပုသိမ်မြို့ အခြေစိုက် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ် တရားရုံးက တရားစွဲဆိုသည့် ဇွန်လ ၅ ရက်တွင် နေ့ချင်း အာမခံပေးခဲ့သည်။
မြောက်ဒဂုံမြို့နယ်ရှိ မြေကိုးဧက ဂရန်အမြန် ပြန်ရလိုသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းအား ငွေကျပ် ၁၂ သိန်း လာဘ်ငွေ ပေးအပ်ခဲ့ရသည်ဆိုကာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားအမြင်က ဥပဒေအရ ကြောင်းကျိုးဆီလျော်မှုရှိသည် ဆိုနိုင်သော်လည်း ပြစ်မှုအပေါ် အရေးယူမှုပိုင်းမှာတော့ နိုင်ငံသားတစ်ဦး၏ လူ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်နေသည့်အချက်က လွှတ်တော်အနေနှင့် ပြန်လည် စဉ်းစားသုံးသပ်ရမည့်ကိစ္စဟု ထင်သည်။
10-May-2017 tagged as ပုဒ်မ ၆၆ (ဃ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူမှုကွန်ရက် Facebook တွင် ဆဲဆိုခဲ့သော ဦးနွေဦးကိုကို (၃၃ နှစ်)ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ပြီး မေလ ၉ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားသည်ဟုဆိုကာ အမှုဖွင့်ခြင်း ခံထားရသည့် Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲပေးရန် မဘသ အဖွဲ့က သာသနာရေး ဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။