News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်သည့် အမျိုးသားများအနေနှင့် ချစ်ခွင့်ပန်ခွင့်၊ လက်ထပ်ခွင့် တောင်းယူနိုင်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည့် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုများကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ် ဖြစ်စေရန် ပြင်ဆင်လိုကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်သည်။
အခုလို ပြည်သူ့အစိုးရ အရပ်သားစစ်စစ် ပုဂ္ဂိုလ်တွေက တိုင်းပြည်ကို အုပ်ချုပ်ပြီး မင်းတက်လုပ်နေကြတဲ့ခေတ်မှာ ဥပဒေတွေနဲ့ ပတ်သက်လို့ ဒီလိုဖြစ်နေတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အရင် စစ်အစိုးရတစ်ပိုင်းလို့ ခေါ်ဆိုခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာတုန်းကတောင် ဒီ ၆၆ (ဃ) နဲ့စွဲဆိုခဲ့တဲ့အမှုဟာ ခြောက်ခုလောက်သာ ရှိခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ ၈၀ လောက်ထိ နီးကပ်လာနေတာဟာလည်း အနာဂတ်သမိုင်းမှာ ကောင်းလှတာ မဟုတ်ပါဘူး။
08-Aug-2017 tagged as ပုဒ်မ ၆၆ (ဃ)
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့နယ် တရားရုံးက ယနေ့ (ဩဂုတ်လ ၈ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်တွင် အာမခံ ပေးခဲ့သည်။
06-Aug-2017 tagged as ပုဒ်မ ၆၆ (ဃ)
အစိုးရအပါအဝင် အာဏာရှိသူများ၊ အဖွဲ့အစည်းများအား ဝေဖန်ပြောဆိုမှုများကို ဟန့်တားခြိမ်းခြောက်ရန် တမင် ရည်ရွယ်ချက်ဖြင့် ထည့်သွင်း ရေးဆွဲထားသည့် ပုဒ်မဖြစ်သည်ဟူသော ထင်မြင်ယူဆချက်များ ခိုင်မာသွားစေနိုင်ခြင်းကို ဆင်ခြင် သတိပြုမိစေလိုကြောင်း
02-Aug-2017 tagged as ပုဒ်မ ၆၆ (ဃ)
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို လုံးဝ ပယ်ဖျက်ရေး အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ နည်းပါးခဲ့သည့်အတွက် ယင်းပြင်ဆင်ချက်မှာ ရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
01-Aug-2017 tagged as ပုဒ်မ ၆၆ (ဃ)
၆၆ (ဃ) ပြင်ဆင်ချက်ပါ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်ကို ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော်က အတည်ပြု ဆုံးဖြတ်ရန် လွှတ်တော် အစီအစဉ်တွင် ထည့်သွင်းထားသည်။
ကျောက်ပန်းတောင်းမြို့တွင် ဖြစ်ပွားခဲ့သော ခွင့်ပြုချက်မဲ့ အဆောက်အအုံတစ်လုံး ဖြိုချမှုနှင့်ဆိုင်သော အကြောင်းအရာများကို ရေးသားဖော်ပြခဲ့သော အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီအဖွဲ့မှ ကိုမြတ်ကျော်ကို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံမှ သိရသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ရန် ယနေ့(ဇူလိုင်လ ၂၅ ရက်) ကျင်းပသော အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းဦးက အာမခံ မပေးရန် တင်ပြဆွေးနွေးခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ယင်းပုဒ်မကို ပယ်ဖျက်သင့်ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့ကြသည်။
14-Jul-2017 tagged as ပုဒ်မ ၆၆ (ဃ)
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မမှန်မကန် စွပ်စွဲတိုင်ကြားမှုများရှိ၍ နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသောကြောင့် ယင်းဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။