News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သရဖူပြန်သိမ်းခံရသည့်ကိစ္စ ရေးသားဖော်ပြခဲ့မှုဖြင့် မယ်စကြဝဠာမြန်မာအဖွဲ့အစည်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စိုးယုဝေက အလှမယ် ရွှေအိမ်စည်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဗေဒင်ဟောခန်းထဲတွင် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများကို အဆီတစ်မျိုးဖြင့်လိမ်း၍ ယတြာချေပေးခဲ့သည်ဟုဆိုကာ တက္ကသိုလ်ကျောင်းသူတစ်ဦးက ဗေဒင်ဆရာ အောင်ချစ်ပိုကို စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီး လေးရက်အကြာ ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက အောင်ချစ်ပိုက ယင်းတက္ကသိုလ်ကျောင်းသူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပြန်လည် အမှုဖွင့် တိုင်ကြားထားကြောင်း ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အထူးသဖြင့် NLD အစိုးရတက်လာချိန်မှစတင်ကာ (၆၆-ဃ) ကဲ့သို့ ပုဒ်မမျိုးသည် အလုပ်အဖြစ်ဆုံးသော ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ (၆၆-ဃ) ဖြင့် တရားစွဲဆိုမှုများ၊ ဆန္ဒပြရင်း၊ ဟောပြောရင်း တရားစွဲဆိုခံရမှုများနှင့် ဖမ်းဆီးထောင်ချခံရမှုများက အရပ်သား ဒီမိုကရေစီ အစိုးရလက်ထက်တွင် အရေအတွက် များပြားလွန်းလာခဲ့သည်။
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုက Phyo Wai Win အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် စမ်းချောင်း မြို့မရဲစခန်းတွင် ဇန်နဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ - ဃ ဖြင့် အမှုရင်ဆိုင်နေရသည့် မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို စတင်စစ်ဆေးခဲ့သည်။
လူမှုကွန်ရက်တွင် လူသိများသော အကောင့်ပိုင်ရှင်တစ်ဦးဖြစ်သည့် ပန်ဆယ်လိုအပေါ် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားမှုကို ပိတ်သိမ်းပေးရန် ပန်ဆယ်လိုက သူ့၏ ကိုယ်တိုင်ထွက်ဆိုချက်တွင် ထည့်သွင်းဖော်ပြသည်။
ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင် ပြောင်းလဲပေးခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနပြုရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းရွှေကို ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ (စက်တင်ဘာလ ၄ ရက်)တွင် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့သည်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်ဖြစ်စေရန် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး ယင်းအတိုင်း အတည်ပြုရန် ယနေ့(သြဂုတ်လ ၂၄ ရက်) က ကျင်းပသော အမျိုးသားလွှတ်တော်၌ အတည်ပြုလိုက်သည်။
Myanmar Now သတင်းဌာနမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆိုထားသူ ကိုကျော်မျိုးရွှေကို ၆၆(ဃ) ဖြင့် ပြန်လည်တရားစွဲဆိုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း စမ်းချောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။