News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

၆၆ (ဃ) မပြင်ဆင်ရေး တောင်ငူတွင် တစ်ကိုယ်တော် ဆန္ဒပြ

တောင်ငူ၊ ဇန်နဝါရီ ၂၅

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကို အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်နေကြသော်လည်း တောင်ငူမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးခင်ဇော်က ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေ ၄ နာရီခန့်မှစတင်ကာ မြို့တွင်းလမ်းလျှောက်ချီတက်ပြီး တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

ဦးခင်ဇော်သည် တောင်ငူမြို့ ကန်တော်လမ်း ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင် ရှေ့မှစတင်ကာ ၆၆ (ဃ) မပြင်ဆင်သင့်ကြောင်း အနီရောင်ဆိုင်းဘုတ် ကိုင်ဆောင်လမ်းလျှောက်ကာ တောင်ငူ ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင်တွင် ရပ်ဆိုင်းခဲ့သည်။

R-15



FOLLOW US