News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

ဒေါက်တာအေးမောင်အမှုကို ချေဖျက်ပေးရန်လျှောက်လဲချက် ပြည်နယ်တရားလွှတ်တော်ပယ်ချ


စစ်တွေ၊ မေ ၃၁

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားသည့် အမှုများကို ချေဖျက်ပေးရန် လျှောက်လဲချက်ကို မေလ ၃၁ ရက် ပြည် နယ်တရားလွှတ်တော်က ပယ်ချလိုက်သည်။ 

ယခုအမှုတွင် တရားလိုတစ်ဦးတည်းကိုသာ စစ်ဆေးရသေးသဖြင့် လျှောက်ထားသူ၏ ပြုမူမှုများမှာ မည်သည့်ပြစ်မှုမမြောက်ကြောင်း သုံးသပ်ဆုံးဖြတ်၍ ရနိုင်မည်မဟုတ်သေးကြောင်း၊ ယင်းကြောင့် အမှုတွဲကို ချေဖျက်ခြင်း ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် တရားရေးဦးစီးမှူး ဦးစိုးစိုးက ပြောသည်။ 

ဒေါက်တာအေးမောင်ကို စွဲဆိုထားသည့်အမှုသုံးခုကို ချေဖျက်ပေးရန် အကျိုးဆောင်ရှေ့နေများက လျှောက်လဲချက်တင်ခဲ့ပြီးနောက် မေလ ၃၁ ရက်တွင် ပြည်နယ် တရားလွှတ်တော်က ယင်းသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်သို့ အယူခံလွှာတင်သွင်းမည်ကို ကာယကံရှင်၏ သဘောဆန္ဒကို မေးမြန်းရမည်ဖြစ်ကြောင်း၊ ယခုလို တရားလွှတ်တော်က ပယ်ချလိုက်သော အမိန့်အစီရင်ခံစာကိုလည်း အကျိုးဆောင်ရှေ့နေများက ဥပဒေ၏ အားသာချက် အားနည်းများကို အသေးစိတ်ဖတ်ကြားရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က ရှင်းပြသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် စွဲဆိုခံထားရသောပုဒ်မများနှင့် ငြိစွန်းခြင်းမရှိဘဲ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၂၂ တွင် ပြုလုပ်မှု တစ်ခုတည်းအတွက် ဥပဒေတစ်ရပ်နှင့်သာ တရားစွဲဆိုရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည့်အတွက် ဥပဒေများနှင့် ဆန့်ကျင်နေကြောင်း အကျိုးဆောင်ရှေ့နေများက ဆိုသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ စာပေဟောပြောမှုနှင့်ပတ်သက်၍ နိုင်ငံတော် ပုန်ကန် သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။

R-22



FOLLOW US