News

POST TAGGED AS

ပုဒ်မ ၆၆ (ဃ)

10-May-2017 tagged as ပုဒ်မ ၆၆ (ဃ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူမှုကွန်ရက် Facebook တွင် ဆဲဆိုခဲ့သော ဦးနွေဦးကိုကို (၃၃ နှစ်)ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ပြီး မေလ ၉ ရက် မွန်းလွဲပိုင်းက ထောင်ဒဏ် ၆လ ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးထံမှ သိရသည်။
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားသည်ဟုဆိုကာ အမှုဖွင့်ခြင်း ခံထားရသည့် Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲပေးရန် မဘသ အဖွဲ့က သာသနာရေး ဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ဆရာတော် ဦးဝီရသူကို ဥပဒေအရ အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနထံ လိပ်မူပြီး စာရေးသား ပေးပို့တိုင်ကြားထားသော်လည်း မိမိအနေနှင့် တိုက်ရိုက် တရားစွဲဆိုသွားရန် မရှိကြောင်း ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြောကြားသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် ကိုမျိုးရန်နောင်သိန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှာ နိုင်ငံဝန်ထမ်း ဖြစ်သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉ တွင် ပြဋ္ဌာန်းထားသည့် အသရေဖျက်မှု အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထောက်ပြဝေဖန်ခွင့်ရှိကြောင်း တရားခွင်တွင် ထွက်ဆိုလိုက်သည်။
13-Mar-2017 tagged as ပုဒ်မ ၆၆ (ဃ)
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်စေသည့်စာများ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ ယနေ့(မတ်လ ၁၃ ရက်) နံနက်ပိုင်းက ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေကို ရဲစခန်းက ခေါ်ယူ စစ်ဆေး
15-Feb-2017 tagged as ပုဒ်မ ၆၆ (ဃ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
28-Jan-2017 tagged as ပုဒ်မ ၆၆ (ဃ)
၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သော အမှုများမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်အထိ စုစုပေါင်း ၄၀ ကျော် ရှိခဲ့သည်ဆိုပါသည်။ ထိုတရားစွဲခံရသူများ အထဲတွင် တစ်ဝက်ခန့်မှာ အာမခံ မရခဲ့သဖြင့် အမှုစစ်ဆေးစဉ်ကာလ တစ်လျှောက်လုံး အချုပ်သား ဘဝဖြင့် တရားရုံးတွင် အမှုကို ရင်ဆိုင်ကြရသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကို အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်နေကြသော်လည်း တောင်ငူမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးခင်ဇော်က ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ညနေ ၄ နာရီခန့်မှစတင်ကာ မြို့တွင်းလမ်းလျှောက်ချီတက်ပြီး တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။
နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် တိုင်ကြားခဲ့မှုကြောင့် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီခွဲအချိန်တွင် ရန်ကုန်လေဆိပ်၌ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
တပ်မတော် အရာရှိကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် သတင်းများ ဖော်ပြခဲ့သည်ဟုဆိုသော သူရိယနေ၀န်း ဂျာနယ်မှ ထုတ်ဝေသူ အပါအဝင် သုံးဦးကို ဇန်နဝါရီလ ၉ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။