News

POST TAGGED AS

ပုစွန်

မန္တလေး ကန်တော်ကြီးအတွင်းမှ ငါးများသေဆုံး
မန္တလေး၊ မေ ၃၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်တောင်ရပ်ကွက် ကန်တော်ကြီးဧရိယာရှိ ငါးများသည် အောက်ဆီဂျင်ပြတ်လတ်ကာ သေဆုံးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

အဆိုပါငါးများကို မွေးမြူထားသည့် ရေများပုပ်နေကာ မေလ ၂၈ ရက် ညနေပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် နွံများကြွတက်၍ အမိုနီယံအောက်ဆိုက်၊ နိုက်ထရိုက်အောက်ဆိုက်များထွက်ပြီး အောက်ဆီဂျင်ပြတ်လတ်၍ မေလ ၂၉ ရက် ညနေပိုင်းက သေဆုံးခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ငါးများသေဆုံးသည့် ငါးမွေးမြူရေးကန်သည် မန္တလေးမြို့တော်စည်ပင်က မွေးမြူရေးလိုင်စင် ချထားပေးခြင်းဖြစ်သည်။ 

M-07



FOLLOW US