News

POST TAGGED AS

ပုစွန်

မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ ဒဏ်ကြေးများပေးဆောင်ရန် ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ဒဏ်ကြေးပေးဆောင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်ရေထွက် ပစ္စည်းစက်ရုံများ ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိကို ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ FDA အဖွဲ့နှင့် ငါးမွေးမြူရေးအသင်းအဖွဲ့တို့ လာရောက်စစ်ဆေးပေးရန် တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုသည့် လန ၃၉ လိုင်စင်မရှိဘဲ ငါးကန်၊ ပုစွန်ကန်တူးဖော်သူများကို ဒဏ်ကြေးကျပ် ၁၀ သိန်း ကောက်ခံလျက်ရှိပြီး ယင်းဒဏ်ကြေးကို ဖြေလျှော့ကောက်ခံပေးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ပြည်တွင်းရှိ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိအစိုးရကာလအတွင်း ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ ချပြလမ်းညွှန်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်ရေထွက် ပစ္စည်းစက်ရုံများ ကျန်းမာရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိကို ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန၊ င်္FDA အဖွဲ့နှင့် ငါးမွေးမြူရေးလုပ်ငန်းအသင်းအဖွဲ့တို့မှ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်း ရေထွက်ကုန်ပစ္စည်းများ၏ အဓိက ဈေးကွက်များဖြစ်သော ပုသိမ်၊ ဖျာပုံနှင့် ဟိုင်းကြီးကျွန်းရှိ ငါးခြောက်နှင့် ပုစွန်ခြောက်များ ယခင်နှစ်ထက် ကုန်အဝင်နည်းကြောင်း ယင်းဈေးကွက်အတွင်း ငါးခြောက်နှင့် ပုစွန်ခြောက် ရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။
ကမ္ဘာ့ကူးစက်ရောဂါ တိရစ္ဆာန် ထိန်းချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံမှ ငါး၊ ပုစွန်များကို ဓာတ်ခွဲစစ်ဆေးရာ ရေချိုပုစွန်များတွင်သာ အမြီးဖြူရောဂါတွေ့ရှိသဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ငါးတင်ပို့ခွင့် ပြန်လည်ရရှိရန် ငါးမွေးမြူရေးလုပ်ငန်းရှင်များက အစိုးရထံတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းနှင့်ပြည်နယ်အားလုံးရှိ တရားမဝင် ငါး၊ ပုစွန် မွေးမြူရေးကန်များကို တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင် ငါးကန်၊ ပုစွန်ကန်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ကမ်းခြေမြို့ ဘောမိကျေးရွာအုပ်စုရှိ ပန်းတမော့ကျွန်း၌ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းက မျှင်ပုစွန် (ဂွေးပုစွန်) အများအပြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။