News

POST TAGGED AS

ပုဂံ

ပုဂံအလှ (Daily, Vol-6/No-69)
ဓာတ်ပုံ- ရဲပြည့်ဇာနည်

ပုဂံ၏ နာမည်ကျော် နေဝင်ချိန်အလှကို ကြည့်ရူခံစားနိုင်သည့် ဧရာဝတီမြစ်ကမ်းဘေးရှိ ဗူးဘုရားသို့ လာရောက်ဖူးမြော်လည်ပတ်ကြသူများ။

ပြည်ပခရီးသည်များ အဓိကနှစ်ခြိုက် စီးနင်းကြသည့် မြင်းလှည်းတစ်စီးကို သဗ္ဗညုဘုရားရှေ့တွင်တွေ့မြင်ရစဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့်ချင်းမိုင်မှ ပန်းချီကျွမ်းကျင်သူများက မြန်မာနိုင်ငံ မန္တလေးနှင့် ပုဂံဒေသသို့ လာရောက်၍ အစုအဖွဲ့အလိုက် ရေးဆွဲမှတ်တမ်းတင်နေကြစဉ်။

စူဠာမုနိစေတီတော်အနီး ကန်ပေါင်ရိုးတစ်ခုမှ ပုဂံနေဝင်ချိန်ကို စောင့်ကြည့်နေသူများ။

ပုဂံနေထွက်ချိန် မြင်ကွင်း။

စူဠာမုနိစေတီတော်အနီး ယာမြေများတွင် ထွန်ယက်နေသူတစ်ဦး။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသားများ။

ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများအရောင်းဆိုင်။

ယဉ်ကျေးမှုနယ်မြေအတွင်းမှ လူကြီးလူငယ်များ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စုပေါင်းအမှိုက်များ မီးရှို့ဖျက်စီးကြစဉ်။

 ပုဂံမြို့သဗ္ဗညုဘုရားသို့ ကမ္ဘာလှည့်ခရီးသွားများ၊ ပြည်တွင်းခရီးသွားများ အဓိက သွားရောက်ရာ လမ်းဘေးရှိ ယဉ်ကျေးမှုပစ္စည်းအရောင်းဆိုင်။

ပုဂံ - ညောင်ဦး ယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသွားများ E-Bike ဆိုင်ကယ်ဖြင့် လည်ပတ်ကြစဉ်။



FOLLOW US