News

POST TAGGED AS

ပုဂံ

05-Sep-2017

ပုဂံ
မနူဟာနန်းဘုရားဂူကို ရှေးမူမပျက် ပြုပြင်မည်

နေပြည်တော်၊ စက်တင်ဘာ ၅

မနူဟာနန်းဘုရားဂူကို ယခုနှစ်အတွင်း ဂျာမနီအစိုးရက ရှေးမူမပျက် ပြုပြင်မည်ဖြစ်သည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်/ချုပ် ဦးကျော်ဦးလွင်က အတည်ပြု ပြောကြားခြင်းဖြစ်သည်။ 

မနူဟာနန်းဘုရားဂူကို ညောင်ဦးခရိုင် မြင်းကပါရွာ စိန်ကုန်းရပ်ကွက်တွင် ပုဂံခေတ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

ယင်းနန်းဘုရားဂူသည် မြေအုတ်အစား ကျောက်များဖြင့် တည်ဆောက်ခဲ့သည်။ 

ရာသီဥတုဒဏ်ကို ဂူအပြင်ဘက် မျက်နှာစာများက ပိုခံရသည်။ ထို့ကြောင့် ကျောက်များ ပွလာသည်။

ကျောက်အနုပညာနှင့် ရှေးဟောင်းကျောက်ဂူများ ထိန်းသိမ်းမှုကျွမ်းကျင်သည့် ဂျာမနီကို အကူအညီတောင်း၍ ဂျာမနီအစိုးရက ကူညီခြင်းဖြစ်သည်။

ယခုအခါ မနူဟာနန်းဘုရားဂူ၏ အနောက်ဘက်နှင့် မြောက်ဘက်သည် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဖြစ်သည်။

ထို့ကြောင့် ဆေးထိုးပြုပြင်ခြင်း အပါအဝင် လိုအပ်သည့် အစိတ်အပိုင်းများကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမည်ဟု ဦးကျော်ဦးလွင်က ရှင်းပြသည်။

“ပြုပြင်ဖို့ကတော့ ဂျာမနီအစိုးရဆီကို ပြင်မယ့်အဖွဲ့က ငွေတောင်းထားတယ်။ ရလာရင် ပြင်မယ်” ဟု ဦးကျော်ဦးလွင်က ပြောကြားသည်။ 

ဦးအောင်ကြိုင်သည် ယင်းဌာန၏ အငြိမ်းစား ဒုညွန်/ချုပ် ဖြစ်သည်။ 

ပုဂံတွင် ကျောက်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံ ခြောက်ခုရှိပြီး တူရင်းတောင်မြောက်ဘက်ပိုင်းက တူးဖော်ခဲ့သည့် အထောက်အထားများ တွေ့ရှိရသည်ဟု ၎င်းက ပြောကြားသည်။ 

သို့သော် ကျောက်နှင့်တည်ဆောက်ခဲ့သည့် စက္ကူတိုက်ကို အင်္ဂလိပ်အစိုးရ ဆောက်လုပ်ရေးဌာနက ဖျက်ပြီးလမ်းခင်းခဲ့သည်။

ထို့ကြောင့် ယခုအခါ ကျောက်အဆောက်အအုံ ငါးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။ 

ရှေးဟောင်းသုတေသီ မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်က ဂျာမန်သည် ကျောက်တုံးအနုပညာတွင် ပို၍ လက်ရာမြောက်သည်ဟု ဆိုသည်။ 

ထို့ကြောင့် မနူဟာနန်းဘုရားဂူကို မည်သို့ပြုပြင်ထိန်းသိမ်းရမည်ကို ဂျာမန်တို့ ကောင်းကောင်းသိသည်ဟု ၎င်းကဆိုသည်။

မနူဟာမင်းနေခဲ့သည့် အိမ်ရာကို မြေးတော်နာဂသမန်းက ဂူဘုရားတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 

လွန်းခဲ့သည့် ၁၇နှစ် ၂၀၀၀ခုနှစ်က အဆောက်အအုံအတွင်းပိုင်း မပြိုစေရန် သံတိုင်များ ထောက်ခဲ့ရသည်ဟု ရှေးဟောင်းသုတေသနနှင် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရှိရသည်။

T.L 

  • VIA


FOLLOW US