News

POST TAGGED AS

ပုဂံ

10-Aug-2017 tagged as ပုဂံ ပန်းချီ
ပုဂံယဉ်ကျေးမှုဒေသရှိ နံရံ ဆေးရေးပန်းချီများနှင့် ဗိသုကာသုခုမ တန်ဖိုးများဖြင့် ထင်ရှားသော လောကထိပ်ပန်ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် မြေဘုံသာ ဘုရားလှတို့ရှိ နံရံဆေးရေး ပန်းချီများကို အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
02-Aug-2017 tagged as ပုဂံ ခရီးသွား
Hero of Bagan အမည်ဖြင့် စွန့်စားခရီးစဉ်တစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။
12-Jul-2017 tagged as ပုဂံ ငလျင်
အင်အားပြင်း ချောက်ငလျင် လှုပ်ခတ်မှုကြောင့် စေတီ၊ ပုထိုး အများအပြား ပျက်စီးခဲ့သည့် ပုဂံ- ညောင်ဦးဒေသအနီး တစ်ဝိုက်ရှိ ပြတ်ရွေ့ကြောများကို သုတေသနပြု လေ့လာခဲ့ရာတွင် ပြန်လည် လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့အချို့ ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။
27-Jun-2017 tagged as ပုဂံ
ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
ငလျင်ဒဏ်သင့် ပုဂံဘုရားအဆူ ၅၀ ကို ကျပ်ငါးဘီလီယံခန့် အကုန်အကျခံကာ ယခုနှစ်အတွင်း ပြင်ဆင်ရန် လျာထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
09-Jun-2017 tagged as ပုဂံ မန္တလေး
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နေထိုင်သည့် ဒေသခံများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုသော ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို ကန့်ကွက်ကြောင်း တိုင်ကြားစာကို ဇွန်လ ၁၀ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးထံ ပေးပို့မည် ဖြစ်ကြောင်း ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင် အဂါရဝ ဖြစ်စေသည့်အပြုအမှုများ ပြုလုပ်သူများကို အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
26-May-2017 tagged as ပုဂံ
ပုဂံရှေးဟောင်းဇုန်အတွင်း အဝီစိ တွင်းတူးခြင်း၊ ဂေါပကရုံးအသစ်များ ဆောက်လုပ်နေခြင်း၊ ရှေးဟောင်းအဆောက်အအုံကို ခေတ်သစ်ဒီဇိုင်းပုံစံဖြင့် ခရီးသွား သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး စင်တာအဖြစ် ပြုပြင်နေမှုများကို ပြီးခဲ့သည့် လပိုင်းများကတည်းက ကန့်ကွက်နေခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့် အတွက် ပုဂံဒေသခံများက ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း SAVE THE BAGAN အဖွဲ့မှ ကိုမျိုးဆက်စံက ပြောကြားသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းဘုရားများ၊ အဆောက်အအုံများ၏ မြင်ကွင်းများကို ကွယ်နေသည့် ကြော်ငြာဆိုင်းဘုတ်များကို လက်ရှိဘဏ္ဍာနှစ်မှစ၍ သက်တမ်းတိုးခွင့် မပြုကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
07-May-2017 tagged as ပုဂံ
ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမို ကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့ သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရှိရသည်။