News

POST TAGGED AS

ပိုလန်

ဟိုလိုကော့စ်ဖြစ်ရပ်ဆိုးတွင် ဂျူးလူမျိုးလက်သည် တရားခံများလည်းရှိသည်ဟု ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် အစ္စရေးနိုင်ငံရှိ ပိုလန်သံရုံး ဂိတ်တံခါးများတွင် နာဇီစကြာပုံများ ရေးဆွဲခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ဂျူးလူမျိုး သန်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည့် ဟိုလိုကတ်ဖြစ်စဉ်တွင် ပိုလန်နိုင်ငံပါဝင်သည်ဟု ညွန်းဆိုပြောကြားမှုမျိုးကို ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကို ပိုလန်သမ္မတ အန်ဒါဇတ်ဒူဒါ လက်မှတ်ရေးထိုးလိုက်ခြင်းကို အစ္စရေးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ဝေဖန်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။