News

POST TAGGED AS

ပါလက်စတိုင်း

အစ္စရေးနှင့် ပါလက်စတိုင်းသားများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေး နိုင်ငံတကာဆွေးနွေးပွဲ တစ်ရပ်ကို ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်တွင် ကျင်းပနေကြောင်း BBC သတင်းက ဖော်ပြသည်။
ဘယ်လူမျိုးလဲ၊ ဘယ်လိုဘာသာ ကိုးကွယ်သလဲ ဆိုသည်ကို ခွဲခြားလို့ မရသည့် အလုပ်အကိုင်တစ်မျိုး ရှိသည်။ ထိုအလုပ်ကား ဆရာဝန် အလုပ်ပေတည်း။ ဆရာဝန်များသည် မိမိလူနာကို ထိုသို့ ခွဲခြားလေ့ မရှိကြ။ နိုင်ငံသားလား၊ ခိုးဝင်လား၊ စာရွက်စာတမ်း ရှိသလား၊ စာရွက်စာတမ်းမဲ့လား၊ မွတ်ဆလင်လား၊ ဂျူးလား၊ ကျား/မ လား ခွဲခြားခြင်း မရှိကြ။ အစ္စရေးတွင် နတ်လူသာဓုခေါ်လောက်သော ကျန်းမာရေး၊ လူမှုရေး လှုပ်ရှားမှုတစ်ရပ် ရှိပါသည်။ ထိုလှုပ်ရှားမှုကို ဆရာဝန်များက ဦးဆောင် ကြသည်။ ဆရာဝန်များထဲတွင် ဂျူးလည်းပါသည်။ အာရပ်လည်း ပါသည်။