News

POST TAGGED AS

ပါတီ

အထူးသဖြင့် NLD အစိုးရတက်လာချိန်မှစတင်ကာ (၆၆-ဃ) ကဲ့သို့ ပုဒ်မမျိုးသည် အလုပ်အဖြစ်ဆုံးသော ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ (၆၆-ဃ) ဖြင့် တရားစွဲဆိုမှုများ၊ ဆန္ဒပြရင်း၊ ဟောပြောရင်း တရားစွဲဆိုခံရမှုများနှင့် ဖမ်းဆီးထောင်ချခံရမှုများက အရပ်သား ဒီမိုကရေစီ အစိုးရလက်ထက်တွင် အရေအတွက် များပြားလွန်းလာခဲ့သည်။
ဦးကိုကိုကြီး ဦးဆောင်သည့် ရှစ်လေးလုံးပါတီအမည်ကို အမည်ပြောင်းတင်ရန် မရှိသေးကြောင်း အဆိုပါ ပါတီတည်ထောင်သူများထံမှ သိရသည်။
ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့် အာဏာရှိသူများအား ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ တာဝန်ရှိသူဟောင်းတစ်ဦးကို ၁၃ နှစ် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
24-Jan-2018 tagged as ရန်ကုန် ပါတီ KNPP
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့များ အသတ်ခံရမှုကို ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ဖမ်းဆီးတရားစွဲဆိုခံရသည့် ကယန်းအမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌအပါအဝင် ကရင်နီ လူငယ်သုံးဦးကို ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဖမ်းဆီးထားမှုကို ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။
ရှစ်လေးလုံးအမည်ဖြင့် ပါတီမှတ်ပုံတင်ထားသည့် ပါတီဖြစ်မြောက်ရေးကော်မတီက တိုင်းနှင့်ပြည်နယ်အဆင့် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်နေ့က မန္တလေးတိုင်း စည်းရုံရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
17-Jan-2018 tagged as ဝန်ကြီး ပါတီ
ရိုမေးနီးယားတွင် နောက်ခံနိုင်ငံရေးပါတီ၏ ထောက်ခံမှု ရုပ်သိမ်းခြင်းကြောင့် ၇ လအတွင်း ဒုတိယမြောက် ဝန်ကြီးချုပ်တစ်ဦး နုတ်ထွက်သွားရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Jan-2018 tagged as NLD ပါတီ
NLD ပါတီမှ တာဝန်ရပ်ဆိုင်းခြင်းခံရသူအချို့ ဦးဆောင်ကာ ပါတီတည်ထောင်ခြင်းနှင့် နိုင်ငံရေးအင်အားစု စုစည်းကာ တပ်ပေါင်းစုဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းနိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။
ကချင်ပြည်နယ်အခြေစိုက် ကချင်တိုင်းရင်းသားပါတီ သုံးပါတီကို ပူးပေါင်း၍ ပါတီသစ်တစ်ခုကို တည်ထောင်သွားရန် သဘောတူခဲ့ပြီဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များထံမှ သိရသည်။
06-Jan-2018 tagged as ရခိုင် ပါတီ
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
31-Dec-2017 tagged as ရန်ကုန် NLD ပါတီ
ဗဟန်းမြို့နယ် ပါတီဌာနချုပ်တွင် နှစ်ရက်ကြာကျင်းပမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ တင်ပြချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။