News

POST TAGGED AS

ပါတီ

မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် ဇူလိုင်လ ၂၁ ရက်နေ့ကပြုလုပ်သော နောက်ဆုံးအကြိမ် အစည်းအဝေးအပြီးတွင် နှစ်ပါတီပေါင်းစည်းလိုက်ပြီဖြစ်သည်။
20-Jul-2018 tagged as NLD ပါတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း ယင်းမြို့နယ်အမှတ်တိုင်း (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောကြားသည်။
လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) မှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောကြားသည်။
ချင်းပြည်နယ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်နှစ်ခု၌ ပါတီငါးခုက ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော်က ပြောကြားသည်။
11-Jul-2018 tagged as NLD ပါတီ စည်းကမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတစ်ဦးတို့ တိုင်ကြားခံထားရ၍ ပါတီစည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ကန့်ကွက်မှုများနှင့်ရင်ဆိုင်နေရသော ရှစ်လေးလုံးပြည်သူ့ပါတီအမည်အစား ပြည်သူ့ပါတီအဖြစ်အမည်ပြောင်းလိုက်ကြောင်း နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီတာဝန်ခံ ဦးကိုကိုကြီးက ပြောကြားသည်။
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်နယ်ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်တို့ကို Mytel Group ဖုန်းကုမ္ပဏီက ကျပ်သိန်း ၁၁၀၀ ကျော်ရလိုမှုဖြင့် တရားစွဲဆိုမှုအပေါ် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအနေနှင့် ပေးလျော်မည်မဟုတ်ကြောင်း ယင်းပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။
မွန်နိုင်ငံရေးပါတီများဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့၏ နှစ်ပါတီ ပေါင်းစည်းဆွေးနွေးမှု နောက်ဆုံးအခြေအနေရောက်ရှိနေပြီး ပါတီပေါင်းစည်းပြီးနောက် ပါတီအမည်သစ်ရွေးရာတွင် ပြည်သူလူထုထံ အကြံဉာဏ်တောင်းခံမည်ဖြစ်ကြောင်း ယင်းပါတီများထံမှသိရသည်။
မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီတို့၏ ပါတီပေါင်းစည်းရေး ဆွေးနွေးချက်အရ ပါတီပေါင်းစည်းရန် ၈၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း ယင်းပါတီများထံမှ သိရသည်။
နိုင်ငံရေးပါတီတစ်ရပ်ထူထောင်မည်ဆိုသော အဓိကရည်ရွယ်ချက်ကို ဦးတည်သောကြောင့် ပါတီအမည်နှင့် အလံ၊ တံဆိပ်တို့ကို ထပ်မံပြောင်းလဲကာ အမည်ပြောင်းလဲမှတ်ပုံတင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။