News

POST TAGGED AS

ပါတီ

မွန်ပါတီအမည်သစ် မိတ်ဆက်ပွဲ စက်တင်ဘာ ၂၁ ရက် ကျင်းပမည်
မော်လမြိုင်၊ စက်တင်ဘာ ၆

မွန် ၃ ပါတီပေါင်းစည်းထားသည့် ပါတီအမည်သစ် မိတ်ဆက်ပွဲကို လာမည့် စက်တင်ဘာလ ၂၁ ရက်တွင် မော်လမြိုင်မြို့တွင် ကျင်းပမည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ၃ ပါတီတို့ ပေါင်းစည်းထားသည် ပါတီအမည်သစ်ကို “မွန်ပါတီ” (Mon Party) ဟု ရွေးချယ်အတည်ပြုထားပြီး ပါတီအမည်သစ်ကို မွန်ပြည်သူလူထုအား တရားဝင်မိတ်ဆက်သွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

“မွန်ပါတီတွေ ပေါင်းစည်းကြပြီဆိုတာကို မွန်ပြည်သူတွေကို တရားဝင်ကြေညာသွားမယ်”ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

ပါတီအသစ်မိတ်ဆက်ခြင်း ကျင်းပပြီးနောက် ပါတီဥပဒေစည်းမျဉ်းစည်းကမ်း၊ မူဝါဒများရေးဆွဲပြီးလျှင် ပါတီမှတ်ပုံတင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု မွန်ပါတီခေါင်းဆောင်တို့က ပြောသည်။ 

လက်ရှိတွင် မွန်ပါတီပါကို ဗဟိုကော်မတီဝင် အယောက် ၁၂၀ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၁ ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းထားသည်ဟု မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။ 

မွန်ပြည်သူလူထုများ၊ မွန်သံဃာတော်များ လိုလားနေသည့် မွန်တစ်ပါတီတည်းဖြစ်ရေးသည် ဖြစ်လာတော့မည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် မွန်အင်အားစုများလည်း မွန်ပါတီထဲ ပါဝင်လာနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်။

Dawei Watch




FOLLOW US