News

POST TAGGED AS

ပါတီ

ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် အဓိက ဂျာမန်နိုင်ငံရေးပါတီများ သဘောတူညီချက်ရရှိ


ဘာလင်၊ ဖေဖော်ဝါရီ ၁၀

ရွေးကောက်ပွဲ ပြီးဆုံးသွားပြီးနောက် လအတန်ကြာမြင့်အောင် နှောင့်နှေးခဲ့ရသည့် ဂျာမန်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သက်၍ ဂျာမန်လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPD) နှင့် အဓိပတိမာကယ်လ်၏ ကွန်ဆာဗေးတစ် (CDU/CSU) တို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အရေးပါသည့် ဝန်ကြီးဌာနများကိစ္စနှင့်ပတ်သက်၍ ဂျာမန်နိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲခဲ့မှုများကို ကောင်းစွာ စေ့စပ်ညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ရာ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ရွေးကောက်ပွဲကျင်းပပြီးနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဂျာမန်နိုင်ငံရေးသမားများ လေးလကျော်ကြာအောင် ညှိနှိုင်း၍မရနိုင်ဘဲ ဖြစ်ခဲ့ရသည်။ 

ယခုအခါ သဘောတူညီချက်ရရှိခဲ့ပြီဟု ဆိုသော်လည်း SPD ပါတီအဖွဲ့ဝင်များ၏ ထောက်ခံမှုရယူရန် လိုအပ်နေသေးကြောင်း ယင်းပါတီဝင်များက ပြောကြားသည်။ 

အကယ်၍ မာကယ်လ်၏ CDU/CSU မဟာမိတ်အဖွဲ့နှင့် ပြန်လည်ညွန့်ပေါင်းဖွဲ့မည်ဆိုပါက ရေရှည်တွင် SPD ပါတီကို ထိခိုက်နစ်နာစေလိမ့်မည်ဟု ယင်းပါတီဝင်များက စိုးရိမ်လျက်ရှိသည်။ 

ယမန်နေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မာကယ်လ်က ယခုရရှိလိုက်သော သဘောတူညီချက်သည် ကောင်းမွန်ပြီး တည်ငြိမ်မှုရှိသည့် ဂျာမန်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် အခြေခံပင်ဖြစ်သည်ဟု ပြောကြားသည်။ 

SPD ပါတီခေါင်းဆောင် မာတင်ရှဝတ်ဇ်က အရေးကြီးပြီး ခက်ခဲလှသည့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့သည့်အတွက် ကွန်ဆာဗေးတစ်များကို အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

ထို့ပြင်“ခင်ဗျားတို့ ဂျာမန်ပြည်သူတွေအတွက် အများကြီး လုပ်ပေးခဲ့ကြတာပါ။ ဒီကိစ္စကို ကျွန်တော့်ရဲ့ပါတီ (SPD) အဖွဲ့ဝင်တွေ လက်ခံလာအောင် ထောက်ခံပြောဆိုမှာပါ”ဟု မာတင်ရှဝတ်ဇ်က Twitter စာမျက်နှာတွင် ပြောကြားသည်။ 

F-01



FOLLOW US