News

POST TAGGED AS

ပါတီ

ချောင်းဦးမြို့နယ် ချောင်းမကျေးရွာတွင် ရွာလူဦးရေ ထက်ဝက်ကျော် ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ဝင်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၈

ချောင်းဦးမြို့နယ်၊ နွယ်ခွေအုပ်စု၊ ချောင်းမကျေးရွာတွင် ရွာလူဦးရေ ၄၃၀ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါရွာတွင် အိမ်ခြေ ၂၁၀ ခန့်ရှိကာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပါတီသို့ လူဦးရေ ၂၃၀ ခန့် ထပ်မံဝင်ရောက်ခဲ့ရာ ယခင်ပါတီဝင်မှာ ၂၀၀ ရှိ၍ လက်ရှိတွင် ပါတီဝင် ၄၃၀ ရှိနေပြီဖြစ်ကြောင်း ချောင်းဦးမြို့နယ်၊ ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးက ပြောကြားသည်။

“အိမ်ခြေ ၂၁၀ မှာ လူဦးရေ ၄၃၀ က ပါတီဝင်ဆိုတော့ ရွာလုံးကျွတ်နီးပါးလို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မုံရွာမြို့ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာမှ အသက် ၁၈ နှစ်မှ ၆၀ အကြားရှိ လူဦးရေ ၂၃၀ ၏ အဆိုပြုလွှာကို ယင်းအခမ်းအနားတွင် လက်ခံခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။ 

ချောင်းမရွာတွင် လူဦးရေ ၇၀၀ ကျော်ရှိကာ လူတစ်ဝက်ကျော် ပါတီဝင်ကြခြင်းမှာ အထူးအထွေအကြောင်းမရှိဘဲ ခင်မင်မှုနှင့် ကျေးရွာတိုးတက်လိုခြင်းကြောင့်သာ ပါတီဝင်ကြခြင်းဖြစ်ကြောင်း ကျန်ဒေသခံ ၃၀၀ ခန့်မှာ မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်း နွယ်ခွေကျေးရွာအုပ်စု ချောင်းမ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောကြားသည်။

“ရွာကတောင်သူတွေက ဆင်းရဲတယ်။ ရွာတိုးတက်အောင် လုပ်ပေးမယ်ဆိုတော့ ဝင်ကြတာပါ။ နိုင်ငံရေးလုပ်သူတွေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

R-08



FOLLOW US