News

POST TAGGED AS

ပါတီ

ရွေးကောက်ပွဲအထောက်အကူပြု အမျိုးသမီးကော်မတီအဖွဲ့များ NLD ဖွဲ့စည်း
မန္တလေး၊ ဇန်နဝါရီ ၁၄

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အထောက်အကူဖြစ်စေရန် အမျိုးသမီးကော်မတီအဖွဲ့များ စတင်ဖွဲ့စည်းနေပြီဟု အဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ထံမှ သိရသည်။

ရွေးကောက်ပွဲကာလမတိုင်မီ စည်းရုံးရေးလုပ်ငန်များတွင် ပါဝင်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံတကာမှ အမျိုးသမီးများနှင့် ဆက်ဆံရာတွင်လည်း တန်းတူရည်တူ ဆက်ဆံနိုင်ရန် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်သန်းသန်းအေးက ပြောကြားသည်။

အမျိုးသမီးကော်မတီအဖွဲ့များကို ရပ်ကွက်ကျေးရွာအဆင့်မှ မြို့နယ်၊ ခရိုင်နှင့်တိုင်းအဆင့်ထိ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းခြင်းလုပ်ငန်းများကို ဇန်နဝါရီပထမပတ်အတွင်းကပင် စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအဖွဲ့ထံမှ သိရသည်။ 

M-05



FOLLOW US