News

POST TAGGED AS

ပါတီ

မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ လက်ရှိ နိုင်ငံရေး အ​ခြေအ​နေ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် မြို့နယ်ပါတီရုံးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ ပြည်နယ်ပါတီဝင်များနှင့် ခရိုင်ပါတီဝင်များ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့သည်။
ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သော SNDP (ကျားဖြူပါတီ) နှင့် SNLD (ကျားခေါင်းပါတီ)တို့ ပူးပေါင်း ဆောင်ရွက်ရေး ပြုလုပ်နိုင်ရန် ကျားဖြူပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းလှကျော်က ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ၏ အလှည့်ကျ သဘာပတိ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်ထံ တင်ပြလိုက်ကြောင်း SNDP မှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းဝါနုက ပြောကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး အဖြေရှာရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုပါတီများသည် နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြထားပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံမှ သိရသည်။
မွန်နိုင်ငံရေးပါတီ ၂ ပါတီဖြစ်သည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပေါင်းစည်းရေး အတွက် ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။
မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်အချို့ ပါတီမှ နုတ်ထွက်မည်
ရှမ်းပြည်နယ်တွင် ရှစ်လေးလုံး (ရှမ်းပြည်)အဖွဲ့အစည်းကို တရားဝင် အဖွဲ့အစည်းဖြစ်ရန် ယခုလ နောက်ဆုံးပတ်တွင် မှတ်ပုံတင်မည်