News

POST TAGGED AS

ပါကစ္စတန်

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က တာလီဘန်တို့၏ပစ်ခတ်ခြင်းခံခဲ့ရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆွတ်သည် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏မွေးရပ်ဇာတိ ပါကစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
01-Mar-2018 tagged as ပါကစ္စတန်
ပါကစ္စတန်တွင် စုံစမ်းထောက်လှမ်း ရေးအရာရှိများက ခရစ်ယာန်လူငယ်နှစ်ဦး အား နှိပ်စက်ညှဉ်းပန်းကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့မှုကို လူ့အခွင့်အရေးအုပ်စု များက ပြစ်တင်ရှုတ်ချလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန်တွင် ယခင်လက ခြောက်နှစ်သမီး ဇိုင်နက်အမ်ဇာရီကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ အင်မရမ်အလီ ၂၄ နှစ်ကို တရားရုံးက သေဒဏ်လေးကြိမ် ပေးလိုက်သည်ဟု BBC သတင်းတွင်ဖော်ပြသည်။
ပါကစ္စတန်နိုင်ငံ ကာဆူအာမြို့တွင် မိန်းကလေးငယ်များ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထိရောက်စွာ ကိုင်တွယ်ပေးရေး တောင်းဆိုဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး သေဆုံးကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ထုံးစံအတိုင်း Twitter တွင် စာသားများရေးတင်ခဲ့ရာ ယခုတစ်ခါ ပါကစ္စတန်ကိုပေးနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ရေးအကူအညီအပေါ် ပြောကြားဝေဖန်ခဲ့ပြီး ပါကစ္စတန်ဘက်ကလည်း အမေရိကန်သံအမတ်ကို ဆင့်ခေါ်ဖြေရှင်းခိုင်းသည်အထိ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေနှင့် ဟားမားစ် စစ်သွေးကြွအုပ်စု၏ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက ပြောကြားကြောင်း BBCသတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန်ကိုယ်တိုင်က ကျင့်သုံးရန် ဆန္ဒမရှိသော သဘောထားကြီးမှုမျိုး ဘင်္ဂါလီ မွတ်ဆလင်များအပေါ် မြန်မာနိုင်ငံက ထားရှိပေးရန် မည်သို့များ မျှော်လင့်နေပါသနည်း ဆိုသော ရှေ့ဆုံးမှ မေးခွန်းကိုသာ ပြန်မေးရပေတော့မည်။
ပါကစ္စတန်တွင် မိန်းကလေးတစ်ဦးအား သူမ၏အစ်ကို ကျူးလွန်သည့် မုဒိမ်းမှုကြောင့် လက်စားချေ မုဒိမ်းကျင့်ရန် ညွှန်ကြားသော မူလ်တန်ကျေးရွာမှ လူ ၂၀ ခန့် ကို ရဲများက ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
08-Jul-2017 tagged as ပါကစ္စတန်
မိန်းကလေးများ ပညာသင်ကြားခွင့် တက်ကြွလှုပ်ရှားသူ ပါကစ္စတန်နွယ်ဖွား မာလာလာယူဆွတ်ဇိုင်းက မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရန် Twitter လူမှုကွန်ရက်၌ ပြုလုပ်မည့် လှုပ်ရှားမှုတစ်ရပ်တွင် ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းဆော်ဩလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
26-Jun-2017 tagged as ပါကစ္စတန်
ပါကစ္စတန် အာမက်ဒ်ပူရ် အရှေ့ပိုင်း မြို့အနီးတွင် ဆီသယ်လော်ရီကားတစ်စီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၂၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး BBC သတင်းက ဖော်ပြသည်။