POST TAGGED AS

ပန်းချီ

02-Aug-2017

ပုဂံ ခရီးသွား
Hero of Bagan အမည်ဖြင့် စွန့်စားခရီးစဉ် အကောင်အထည်ဖော်မည်

ရန်ကုန်၊ ဩဂုတ် ၁

Hero of Bagan အမည်ဖြင့် စွန့်စားခရီးစဉ်တစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

“လာမယ့် သုံးလေးလထဲမှာကို Hero of Bagan ဆိုပြီးတော့ ဧရာဝတီမြစ်ကို လက်ပစ်ကူးပြီး ပုဂံမြို့ပေါ် ရောက်ရင် စက်ဘီးနဲ့ ပုပ္ပါးဘက်ကို ပြန်စီးပြီးတော့၊ စခန်းတစ်ခုမှာ စက်ဘီးတွေရပ်ပြီး ပုပ္ပားတောင်ခြေကို ပြေးတက်တဲ့ အစီအစဉ်တွေပါတဲ့ ခရီးစဉ်ကို စဆွဲနေပါပြီ”ဟု ၎င်းက ဆိုသည်။

ဧရာဝတီမြစ်ကိုကူး၍ ပုဂံဒေသမှ ပုပ္ပါးသို့ စက်ဘီးဖြင့် လှည့်လည်ကာ တောင်ခြေသို့ တက်ခြင်း စသည့် အစီအစဉ်များ ပါဝင်သည့် (Hero of Bagan) ခရီးစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန် စတင် ရေးဆွဲနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇူလိုင်လ ၂၉ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ စွန့်စားခရီးစဉ် (ဗိလနညအကမနွှသကမ) ဖွံ့ဖြိုးလာဖို့က အချိန်ယူပြင်ဆင်ရမယ့် အနေအထားပါ။ လက်ရှိ နယ်စပ်ဖြတ်ကျော် ခရီးစဉ်တွေ တောင်မှာ ကောင်းကောင်းဖွံ့ဖြိုးမှု မရှိသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တောင်တက်တာတို့၊ စက်ဘီးစီးတာတို့ စတဲ့ အားကစားနည်းတွေနဲ့ကတော့ အလားအလာ ရှိပါတယ်”ဟု Wazo ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

Hero of Bagan ခရီးစဉ် အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် တိုင်ပင်ပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် တိကျစွာ မပြောနိုင်သေးကြောင်း ဦးအုန်းမောင်က ဆက်လက် ရှင်းပြသည်။

ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပြည်ပ အပန်းဖြေ ခရီးသွားလာခြင်းအပြင် စွန့်စားခရီးသွားလာခြင်းကို စိတ်ဝင်စားမှုများ ရှိလာကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်သည့် ဧည့်သည်များတွင် လူငယ်များမှ စွန့်စားသွားလာမှု ခရီးစဉ်များကို ပိုမိုနှစ်သက်လာကြောင်းနှင့် လက်ရှိတွင် စက်ဘီးစီးခြင်းနှင့် တောင်တက်ခြင်း ခရီးစဉ်များ ဖွံ့ဖြိုးလာကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စွန့်စားခရီး သွားလာရေး ခရီးသွား ဇုန်များအဖြစ် ပုပ္ပားတောင်၊ ချင်းတောင်တန်း၊ ခါကာ ဘိုရာဇီတောင်နှင့် မြိတ်ကျွန်းစု စသည့် ဒေသများအပြင် မဖော်ဆောင်ရသေးသည့် စွန့်စားခရီးသွားလာရေး ခရီးသွားဇုန် များစွာ ရှိနေကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

J-14



FOLLOW US