News

POST TAGGED AS

ပန်းချီ

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခရုပန်းချီပြပွဲကို အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်ပန်းချီပြခန်း၌ ဇန်နဝါရီလ ၉ ရက်နေ့က စတင်ပြသခဲ့သည်။
10-Aug-2017 tagged as ပုဂံ ပန်းချီ
ပုဂံယဉ်ကျေးမှုဒေသရှိ နံရံ ဆေးရေးပန်းချီများနှင့် ဗိသုကာသုခုမ တန်ဖိုးများဖြင့် ထင်ရှားသော လောကထိပ်ပန်ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် မြေဘုံသာ ဘုရားလှတို့ရှိ နံရံဆေးရေး ပန်းချီများကို အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ကားချပ်ပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့၏ ဆုရွေးချယ်ထားမှုကို တိုင်းအစိုးရက ပြန်ရွေးချယ်ပါက ဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည့် ပန်းချီပညာရှင်များအဖွဲ့မှ နုတ်ထွက်မည်ဖြစ်သည်။
ပါဘလိုပီကာဆို၏ နာမည်ကျော် လူပုံပန်းချီကားတစ်ချပ်ကို နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းချလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပန်းချီလောကသားများ ပူးပေါင်း၍ ကွယ်လွန်သူ ခဲပန်းချီဆရာကြီး ပန်းချီ ဦးကံညွန့်၏ နှစ် ၁၀ဝ ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ နိုဝင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း အဆိုပါ ပန်းချီပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဦးမိုးမြင့် (မန္တလေးတောင် ပန်းချီပြခန်း) က ပြောကြားသည်။
ရန်ကုန်မြို့တွင်းရှိ နောက်ဖေးလမ်းကြားများ သန့်ရှင်းစေရန် ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ နေအိမ်တစ်ခု၏ နောက်ဘက်တွင် ပန်းခြံငယ်အဖြစ် အလှဆင်သည့် စီမံချက်ကို စတင်ဆောင်ရွက်ထားကြောင်း တို့ရန်ကုန် တို့အိမ်ရာ (My Yangon My Home) အနုပညာ ပွဲတော် စီစဉ်သူများထံမှ သိရသည်။
06-Jan-2017 tagged as ပန်းချီ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ အလွန်ထူးခြားတဲ့ ပန်းချီပြခန်းတစ်ခု ရှိပါတယ်။ အဲဒါက အိမ်သာထိုင်ခုံ အဖုံးတွေမှာ ပန်းချီရေးဆွဲ ပြသထားတဲ့ အိမ်သာဖုံး ပန်းချီပြခန်း ဖြစ်ပြီး ပြခန်းပိုင်ရှင်လည်းဖြစ် ပန်းချီဆရာလည်း ဖြစ်သူက အသက် ၉၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘာနီစမစ်ပါ။
မန္တလေးမြို့ မန္တလေးတောင် ပန်းချီ ပြခန်း၌ ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကာလာကင်ဆာဟု အမည်ပေးထားသောပန်းချီနှင့် ကဗျာ+ပန်းချီ အနုပညာပြပွဲကို ပထမဆုံးအကြိမ် ပြသလျက်ရှိရာ ပန်းချီကားရောင်းရ ငွေများကို မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်းမည်
04-Sep-2016 tagged as ပန်းချီ
ပန်းချီကားချပ်များ အားလုံးသည် အရောင်ခြယ်ဆေးများ၊ စုတ်တံများ အသုံးပြုကာ ရေးဆွဲထားခြင်း မဟုတ်ဘဲ လူအများက အမှိုက်အဖြစ် စွန့်ပစ်ထားသော ရောင်စုံ ပလတ်စတစ်အစများ၊ ဘူးခွံများဖြင့် ပုံဖော်ပြု လုပ်ထားသည်ကို တွေ့ရသည်။