News

POST TAGGED AS

ပဋိပက္ခ

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ ငါးကျီးဆည်အင်းကို တိုင်းအစိုးရက ငါးကန်မတူးရန် တားမြစ်ထားသည်ကို ဆက်တူးရာမှ မတ်လ ၁၈ ရက် ညပိုင်းက စက်ယန္တရားမောင်းသည့် လုပ်သားများနှင့် ဒေသခံရေလုပ်သားတို့ ပဋိပက္ခဖြစ်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့မှ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
12-Mar-2018 tagged as ပဋိပက္ခ
ပဋိပက္ခများ ကြုံတွေ့နေရသော အရှေ့အလယ်ပိုင်းနိုင်ငံများ၏ လက်နက်တင်သွင်းမှုသည် ပြီးခဲ့သောငါးနှစ်အတွင်း ၁၀၃ ရာခိုင်နှုန်း ခုန်တက်လာခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု SIPRI အစီရင်ခံစာတွင် တင်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
...“ကျွန်မက စစ်တွေမှာပဲ မွေးတယ်၊ စစ်တွေမှာပဲကြီးတယ်။ ဟိုမောင်တောက ဘင်္ဂါလီတွေနဲ့ ကျွန်မတို့က မတူပါဘူး”ဟုလည်း ထိုအမျိုးသမီးက ရင်ဖွင့်သည်။ သူတို့တစ်တွေ ဒီမှာ ဒီလိုပဲ တစ်သက်လုံး နေသွားရတော့မလား မသိပါ။ ကျွန်တော်တို့ ရောက်မလာမီ ယခု သက္ကယ်ပြင်ဒုက္ခသည်စခန်းကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းပေးမည်ဆိုသော သတင်းတစ်ပုဒ်လည်း ထွက်ပေါ်ခဲ့သေးသည်။...
ထိုစဉ်ကတည်းက ရခိုင်မှာ IDP (Internally Displacement People) ဒုက္ခသည်စခန်းတွေ ပေါ်လာခဲ့သည်။ အမုန်းမျိုးစေ့ သန္ဓေတည်ခဲ့သည်။ ထိုပြဿနာများသည် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင်ရှားသော သက်သေများအဖြစ် ယနေ့တိုင် ထင်ကျန်သည်။ ကုလသမဂ္ဂလို လူ့အခွင့်အရေးစံပြု အဖွဲ့အစည်းတွေအတွက် လက်ညှိုးထိုးပြစရာ ဖြစ်သွားသည်။ ဝမ်းနည်းစရာ ကောင်းလှသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အောင်မြင်မှုကို လိုလားသော အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအတွက် ထိတွေ့ဆက်ဆံမှုနှင့် ကန့်ကွက်ဝေဖန်မှုအကြား ဟန်ချက်ညီရန် လိုအပ်သည်။
ဖမ်းဆီးခံထားရသော ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နှင့် မြောက်ဦးပဋိပက္ခကြောင့် အဖမ်းခံထားရသော လူငယ်များကို အမြန်ဆုံး လွှတ်ပေးရေးအတွက် မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ရက် မွန်းတည့်ချိန်က လူ ၆၀၀ ခန့် က ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ စုံစမ်းသိရသည်။
မြောက်ဦးပဋိပက္ခကြောင့် သေနတ်မှန်၍ စစ်တွေဆေးရုံတွင် ဆေးကုသနေသူ ၈ ဦးကို ရဲတပ်ဖွဲ့က ယနေ့( ဇန်နဝါရီလ ၂၃ ရက်) နံနက် ၈ နာရီခန့်က လက်ထိပ်ခတ်ဖမ်းဆီးခဲ့ကြောင်း လူနာရှင်၏ မိသားစုဝင်များက ပြောကြားသည်။
ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားနေ့ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၆ ၌ ကျင်းပရာတွင် ဒေါက်တာ အေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက်များအပေါ် ပုဒ်မ ၁၂၂ ဖြင့် အရေးယူနိုင်ရန် စစ်တွေဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးက စစ်တွေမြို့နယ် တရားရုံးထံ ဦးတိုက် လျှောက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
မည်သို့ပင်ဖြစ်စေ အမျိုးသားရေးဝါဒ ခေါင်းထောင်လာခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်ခြင်း၊ သွေးထွက်သံယို နှိမ်နင်းခြင်းတို့မှာ ဒေသအတွင်း အာဏာ နိုင်ငံရေးကို အခြေပြုနေသည့်အတွက် လတ်တလောအားဖြင့် ဒေသအုပ်ချုပ်ရေးနှင့် ပြည်ထောင်စုအစိုးရတို့၏ စီမံခန့်ခွဲမှု အရည်အချင်းအပေါ် မူတည်ကာ နှစ်ဖက်စလုံးအတွက် ဥပဒေအရ မျှတသော အရေးယူမှုများဖြင့် ပြဿနာမီးပွား ပိုကြီးထွားမလာစေရန် ကြိုးစားသင့်ကြောင်း