News

POST TAGGED AS

ပညာရေး

ပညာရေးဝန်ဆောင်မှု ခေါင်းစဉ်အောက်ရှိ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ၊ ဘွဲ့လွန်သင်တန်းများတွင် အရည်အချင်းနိမ့်ပါးသူ၊ ကျွမ်းကျင်အဆင့်၊ ဆရာဖြစ် အသိအမှတ်ပြု လက်မှတ်မရှိသူ၊ အနောက်တိုင်းသားဖြစ်ပြီးရော ပေါပေါပဲပဲ နိုင်ငံခြားသားများ ဝင်ရောက်နေရာယူမှု များပြားနေပါက နိုင်ငံ၏ပုဂ္ဂလိက ပညာရေးလောကအတွက် အထူးအန္တရာယ်ရှိလှသည်။
ဗဟိုဘဏ်အကြောင်းကို ကကြီး ခခွေး မသိသူ ကျွန်တော် ဘာစလုပ်ရမှန်း မသိခဲ့။ ဒေါ်လာဈေးတွေ တက်တာကျတာကို သိသည်။ ဘာကြောင့် ဘယ်လိုဖြစ်သလဲကိုမသိ။ ဘယ်လိုထိန်းရမလဲဆိုတာ မိမိနှင့်မိုင်ပေါင်းကုဋေ ဝေးသည်။
26-Jul-2018 tagged as ပညာရေး
ပညာရေးအဖွဲ့အစည်း အဆင့်ဆင့်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များသည် မူဝါဒများ၊ ပညာရေး လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိသည်ဆိုပါက မိမိတို့၏ ဆောင်ရွက်ချက်များကို ပွင့်လင်းမြင်သာစွာ လေ့လာကြည့်ရှု စစ်ဆေးခံနိုင်မည် ဖြစ်ပါသည်။ အထူးအားဖြင့် ဝန်ထမ်းများအား အပြစ်ပေး အရေးယူရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ကျောင်းတွင် ကျောင်းသား ၃၃ ယောက်သာ ရှိသည်။ သူတို့အားလုံးမှာ အသက် ၄ နှစ်မှ ၁၁ အရွယ်တွေလည်း ဖြစ်ကြသည်။ ဤကျောင်းလေးကို တက်ရန်အတွက် သူတို့လယ်ယာခြံမြေတွေက တစ်နာရီလောက် လမ်းလျှောက်လာရသူတွေပင်ရှိသည်။ ကျောင်းသားတွေက လာရောက်လေ့လာသည့် သတင်းထောက်တွေကို အင်္ဂလိပ်လို နှုတ်ခွန်းဆက်လိုက်သည်။ စပိန်လို ကြိုဆိုပါသည်ဆိုသော သီချင်းကိုလည်းဆိုကာ ကြိုဆိုကြသည်။
26-Jul-2018 tagged as ပညာရေး
အခြေခံပညာကျောင်းများဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးပေးသောငွေဖြင့် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ယင်းသို့ထောက်ပံ့သောငွေကြေးများကို အခြေခံပညာကျောင်းများမှ မှန်ကန်စွာသုံးစွဲနိုင်မှုနှင့် တွေ့ကြုံနေရသည့်အခက်အခဲများအကြောင်း ဆရာရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
ဝန်ထမ်းများကို လစာတိုးပေးခဲ့ရာတွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခဲ့ခြင်းမရှိသည့်အပြင် ပညာရေးဝန်ကြီးဌာနတွင် ကျပ်ဘီလီယံ တစ်ရာခန့် ဘတ်ဂျက်လိုငွေပြခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းများကို ရာခိုင်နှုန်းလျှော့ခြင်း၊ ခေတ္တဆိုင်းငံ့ခြင်းများ ပြုလုပ်ထားခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
ကျောင်းသားနှင့် ပြည်သူကို အခြေခံသော အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဇူလိုင်လ ၁၇ ရက်တွင် တောင်းဆိုသည်။
19-Jul-2018 tagged as ပညာရေး
အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပြည်သူများ ဝေဖန်အကြံပြုနိုင်ရေး၊ နစ်နာမှုများကို ရယူဖြေရှင်းပေးနိုင်ရေး အခြေခံပညာကျောင်းတိုင်းတွင် အကြံပြုစာပုံးထားရှိရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းအပေါ် ဆရာ၊ ဆရာမများ၏ ဝေဖန်၊ အကြံပြုချက်များကို ဆရာများရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။
16-Jul-2018 tagged as ပညာရေး
အခြေခံပညာဦးစီးဌာနအနေနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာအတတ်ပညာလက်မှတ် မရရှိသေးသည့် ဆရာ၊ ဆရာမဦးရေ စာရင်းတောင်းခြင်းမှာ ဆရာဖြစ်လက်မှတ်ပေးရန်မဟုတ်ဘဲ ဆယ့်နှစ်တန်းသင်ရိုးသစ် သင်တန်းများအတွက်သာဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။
16-Jul-2018 tagged as ပညာရေး
ပြင်ပဈေးကွက်မှာတော့ မေးခွန်းပုံစံသစ်အတွက် အထောက်အကူပြုစာစဉ်တွေ ထွက်နေပါပြီ။ ကလေးတိုင်း မဝယ်နိုင်ပါဘူး။ တစ်ထောင်တန်က နှစ်ထောင်ဖြစ်နေတယ်။ ဆရာ၊ ဆရာမတွေကပဲ အိတ်စိုက်ဝယ်ပြီး လေ့လာကြပါ။ ဘာပဲပြောပြော အထောက်အကူဖြစ်စေတာမို့ ကျေးဇူးတောင်တင်ရပါလိမ့်မယ်။