News

POST TAGGED AS

ပင်လုံညီလာခံ

၂၁ ပင်လုံအစည်းအဝေးကို အစိုးရက တရားဝင်ဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ကြောင်း “ဝ” အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းမှုကော်မတီ (FPNCC) က သဘောထားထုတ်ပြန်လိုက်သည်။
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ဆုံးဖြတ် လိုက်ကြောင်း အဆိုပါအစည်းအဝေးထံမှ သိရသည်။
14-Feb-2018 tagged as ပင်လုံညီလာခံ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဟုဆိုထားသော်လည်း ခန့်မှန်းကာလတွင် မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းလိုက်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို ယခုလကုန် (ဇန်နဝါရီလ) ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကြိုတင်ပြင်ဆင်ရေးအတွက် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
အစိုးရက တရားဝင် ဖိတ်ကြားပါက ထပ်မံကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီအနေနှင့် လက်မှတ်ရေးထိုးရန် မွန်ပြည်နယ် အစိုးရအဖွဲ့က တိုက်တွန်းခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
မြန်မာနိုင်ငံရှိ လူဦးရေများအနက် လူငယ် ၄၀ ရာခိုင်နှုန်း ရှိနေသော်လည်း နိုင်ငံရေး အခန်းကဏ္ဍတွင် လူငယ်များ ပါဝင်မှု အားနည်းနေကြောင်း မွန်ပြည်နယ်တွင် ဩဂုတ်လ ၁၂ ရက်က ကျင်းပသည့် နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားတွင် မွန်လူငယ်ကွန်ရက် အတွင်းရေးမှူး မခိုင်ခိုင်လဲ့မြင့်က ပြောဆိုသည်။
နှစ်ဖက် သဘောတူညီချက် မရနိုင်တော့တဲ့အတွက် ဆက်လက်ပြီး ဆွေးနွေးရင်လည်း တင်းမာမှုတွေ ပိုပြီး မြင့်လာနိုင်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နောက်မှ ဆက်လက် ဆွေးနွေးပါဆိုပြီး ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ညီလာခံတွင် သဘောတူခဲ့သော မူဝါဒများ၌ နိုင်ငံရေး ကဏ္ဍပိုင်းတွင် ဖက်ဒရယ်စနစ်၌ အခြေခံရမည့်မူများဖြစ်သော အချုပ်အခြာအာဏာ၊ အချုပ်အခြာ အာဏာကျင့်သုံးမှု၊ တန်းတူရေး စသည်တို့၏ ဖွင့်ဆိုမှုများနှင့် ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု) ခေါင်းစဉ်အောက်တွင်ရှိသော အချက်များ အစရှိသည်တို့ကို သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။