News

POST TAGGED AS

ပခုက္ကူ

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ လိုင်စင်မဲ့ယာဉ်များ အသုံးပြုပြေးဆွဲနေသည့် လူမှုကူညီရေးအသင်း ၅၀ ကျော် ပူးပေါင်းပြီး လိုင်စင်မဲ့ကားများဖြင့် ပြန်လည်ကူညီခွင့်ပေးရန် မကွေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြအကူညီတောင်းမည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်။
ပခုက္ကူတက္ကသိုလ်တွင် တက်ရောက်နေသော ဒုတိယနှစ် ရူပဗေဒဘာသာရပ် အထူးပြုကျောင်းသား ကိုသက်မောင်မောင်ကို ကျောင်းသားသမဂ္ဂအဖွဲ့မှ မနုတ်ထွက်သဖြင့် ပခုက္ကူခြေမြန်တပ်မဌာနချုပ် ဝန်ထမ်းလိုင်းခန်းမှ နှင်ထုတ်ခံရကြောင်း ကိုသက်မောင်မောင်က ပြောကြားသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့မှုကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရန် ပါမောက္ခချုပ်ထံမှ ခရီးစရိတ် ကျပ် ၃ သိန်း တောင်းခံရယူခဲ့ကြောင်း ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
12-Oct-2017 tagged as ပခုက္ကူ
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် သီတာလမ်းမကြီး တွင်ရှိ မြို့ဝန်ဘုန်းကြီးကျောင်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီက အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။
14-Mar-2017 tagged as ပခုက္ကူ
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ယနေ့ (မတ်လ ၁၄ ရက်) ညနေ ၅ နာရီကျော်က ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးသော လေးတန်းကျောင်းသူနှစ်ဦး ရေနစ်သေဆုံးကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူခရီးစဉ်အတွင်း ကိုယ်ဝန်ဆောင် မိခင်များ၏ နေအိမ်သို့ သွားရောက်ခြင်း၊ လူထုနှင့်တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ပြီး ယင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန် ရယူပြီးနောက်ပိုင်း လူထုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာတွင် လွန်ခဲ့သည့် ၁၆ နှစ်က ဖြစ်ခဲ့သည့် လူသတ်မှုကို ဇန်နဝါရီလ ၇ ရက်နေ့က ပခုက္ကူမြို့မ ရဲစခန်းတွင် အမှု လာရောက် ဖွင့်လှစ်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။