News

POST TAGGED AS

နီပေါ

အမေရိကန် သံအမတ်အဖွဲ့ စစ်တွေသို့ လာရောက်
စစ်တွေ၊ ဧပြီ ၃

အမေရိကန် သံအမတ်ကြီးစကော့ မာစိရယ်လ်ဦးဆောင်ပြီး ဒီမိုကရက်တစ်လွှတ်တော်အမတ်တို့ ဧပြီလ ၂ ရက် ညနေပိုင်းက စစ်တွေမြို့သို့ ရောက်ရှိစဉ် ရခိုင်အမျိုးသားပါတီ (ANP) မှ ခေါင်းဆောင်များနှင့် တွေ့ရှိပြီး ပါတီ၏သဘောထားများကို မေးမြန်းခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။ 

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီ ကိစ္စများနှင့် ပတ်သက်ပြီး ပါတီ၏ သဘောထားကို မေးမြန်းခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောဆိုသည်။

ထိုသို့မေးမြန်းရာတွင် ဘင်္ဂါလီများကို နေရာချထားပေးရေး၊ ပြန်လည်ဝင်ရောက်လာရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီအနေနှင့် အစိုးရနှင့်တွေ့၍ တစ်ကြိမ်မျှ တွေ့ဆုံဆွေးနွေးခွင့်၊ အကြံပေးခွင့်မရကြောင်း၊ သံအမတ်လာပါက ပါတီ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကိုသာ ဖြေကြားပေးနေရကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် သံအမတ်ကြီးနှင့်အဖွဲ့သည် ဧပြီ ၃ ရက်က စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုး များနေထိုင်သော အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်လေ့လာပြီး စစ်တွေဟိုတယ်၌သက္ကယ်ပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

R-22



FOLLOW US