News

POST TAGGED AS

နားနေဆောင်

နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် အခမဲ့ ကျန်းမာရေး စင်တာဆောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု စင်တာကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ၆ ရပ်ကွက်၊ ခါတော်မီလမ်းတွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အဆိုပါစင်တာမှ အလုပ်အမှုဆောင် ကိုရာဇာက ပြောကြားသည်။

အဆိုပါစင်တာ ဖွင့်လှစ်ရန် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံနေရာတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၂ ဦးကို ကုသပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဖို့ စိတ်ထဲမှာ အမြဲရှိတယ်။ ခုနောက်ပိုင်း ရဲဘော်တွေ၊ သူငယ်ချင်းတွေ ဆုံးသွားကြတာ များတယ်။ ဆေးကုဖို့ကို မရှူနိုင် မကယ်နိုင်ဖြစ်တော့မှ ဆေးရုံသွားတော့ မကယ်နိုင်ကြတော့ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းရှိ အလျား ၁၅၅ ပေ၊ အနံ ၄၇ ပေ မြေပေါ်တွင် ယင်းစင်တာကို အထပ် လေးထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဆေးပေးခန်း၊ ကုသရေးအဆောင်၊ နယ်မှ လာရောက် ဆေးကုသူများအတွက် တည်းခိုရန် အခန်းများ ပါဝင်မည်ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား အများစုက ထောင်ထဲမှာ အစားအသောက် လတ်ဆတ်မှု မရှိခဲ့သည့်အတွက် အချိန် ကြာမြင့်လာသောအခါ အသည်းကင်ဆာ၊ အစာအိမ်ရောဂါများဖြစ်ပြီ သေဆုံးမှု များလာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ခုနစ်ထောင်မှ တစ်သောင်းကြားရှိပြီး AAPP အသင်းက ကောက်ခံရရှိသည့်စာရင်းအရ အကျဉ်းသားဟောင်း ၃၅၀၀ ရှိကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ဆေးကုသပေးနေသည့် သုခဆေးခန်း၊ ဦးဝင်းတင် ဖောင်ဒေးရှင်းတို့မှ ဆေးကုသပေးလျက်ရှိပြီး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန် နိုင်ငံရေး အကျဉ်းသားများကို အစိုးရက ဦးဆောင်၍ ဆေးခန်းများ ထပ်မံ ဖွင့်လှစ်ပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

J-18



FOLLOW US